ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(48)
Chapter-13
(သေခြင်းတရားလက်မှ ပြန်လည်ခေါ်ဆောင်ခြင်း)
ယီယွမ်က ပြိုလုလု ယိုင်နဲ့နေသော အိမ်တစ်လုံးထဲသို့ ဝင်ရောက်သွားခဲ့သည်။ ငိုကြွေးသံများက အထဲမှ ထွက်ပေါ်လာခဲ့၏။
"ဖယ်ပေးကြ… မြန်မြန်ဖယ်ပေးကြ… အဲဒီမြေခွေးလေးက မသေသေးဘူး… မင်းတို့တွေက ဘာလို့ အသုဘမှာလို ငိုကြွေးနေကြတာလဲ….." ယီယွမ်က အိမ်ထဲသို့ဝင်လာရင်း ပြောလိုက်သည်။
ယီယွမ်က လူများကို ဖြတ်ကျော်လာခဲ့ပြီးနောက် အိပ်ရာပေါ်တွင် လဲလျောင်းနေသော နှင်းဖြူရောင် မြေခွေးငယ်လေးကို တွေ့လိုက်ရ၏။ သို့ရာတွင် မြေခွေးလေး၏ အမွေးက အနီရောင်များ စွန်းထင်းနေခဲ့ပေသည်။ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားခဲ့သည်မှာ ထင်ရှားလှ၏။
ထိုမြေခွေးငယ်လေးက ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိနေခဲ့ပြီး လက်ရှိအချိန်၌ သေမင်းတံခါးဝသို့ ရောက်နေခဲ့ပြီဖြစ်သည်။ လူသားပုံစံကို ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ဘဲ မူလခန္ဓာကိုယ်ပုံစံသို့ ပြန်ရောက်နေခဲ့သည်မှာ သိသာလှပေ၏။
လက်ရှိအချိန်၌ ယွီဟန်က ဘေးတွင်ထိုင်နေခဲ့သည်။ ယီယွမ်က အော်ဟစ်ဝင်ရောက်လာသည်ကို မြင်သော် သူမက မျက်မှောင်ကုတ်သွားခဲ့ပေ၏။ "ရှင်းအာက သေမင်းတံခါးဝမှာ ရောက်နေခဲ့ပြီ… မင်းက ဒီလိုအော်ဟစ်ဆူပူနေတာ အသက်မရှင်ချင်တော့လို့လား….."
သူမ၏လက်များဖြင့် ယွီရှင်းကို ကိုင်ထား၍ ဒေါသထွက်ရန် မသင့်တော်၍သာ မဟုတ်ခဲ့လျှင် သူမက လက်ရှိအချိန်၌ ယီယွမ်ကို ချက်ချင်း သတ်ပစ်လိုက်ပေမည်။ယီယွမ်က ယွီဟန်ကို တစ်ချက်ကြည့်၍ မကျေမနပ်ပြောဆိုလိုက်သည်။ "အဖွားကြီး… တကယ်လို့ သူမကို မသေစေချင်ရင် ကျုပ်စကားအတိုင်း ဘေးဖယ်ပေးလိုက်… ခင်ဗျားကိုစဥ်းစားဖို့ အသက်ရှူချိန်သုံးကြိမ် ပေးအပ်မယ်… တကယ်လို့ ခင်ဗျားက ဘေးကိုမဖယ်ပေးရင် ကျုပ်လက်ကိုဆေးပြီး ထွက်သွားမယ်….."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
פנטזיה(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...