Chapter 617

1.2K 142 6
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(47)

Chapter-6

(မိုးသောက်ချိန်)

"အဲဒါအသုံးမဝင်ဘူး… အလင်းတန်းလွင့်မျောခြင်း သွေးအရိပ်ဝင်္ကပါ အသက်ဝင်သွားပြီဆိုရင် လုံလောက်တဲ့သွေးချီတွေ စုပ်ယူမပြီးမချင်း အဲဒါက ရပ်တန့်သွားဖို့ မဖြစ်နိုင်ဘူး… မင်းရဲ့ခွန်အားနဲ့ဆိုရင် မင်းက ဒီအစီအရင်ကို ဖျက်ဆီးနိုင်ဖို့ မဖြစ်နိုင်ဘူး….." ရှန့်ကွမ်လင်ယွင်က ပြောဆိုလိုက်သည်။

"ကြည့်ရတာ အလင်းတန်းလွင့်မျောခြင်း သွေးအရိပ်ဝင်္ကပါကို မင်းက တည်ဆောက်ထားတာမဟုတ်ဘဲ ဒီပုလင်းသေးလေးက တည်ဆောက်ထားတဲ့ အစီအရင်ဖြစ်နေတာကိုး….." ယီယွမ်က ရုတ်တရက်ပင် ပြောဆိုခဲ့၏။

"မင်းက တကယ်တော်လွန်းတယ်… လူတော်တွေက အသက်မရှည်တတ်ကြဘူး….." ထိုစကားမှာ ယီယွမ်၏စကားကို ရှန့်ကွမ်လင်ယွင်က အဖြေပေးလိုက်သည်နှင့် အတူတူပင် ဖြစ်သည်။

"ငါ့ရဲ့ကံတရားက ငါ့အပေါ်မှာပဲ မူတည်တယ်… ကောင်းကင်ဘုံကို မှီခိုနေတာမဟုတ်ဘူး… ဒါတွေကို မင်းနားလည်မှာ မဟုတ်ဘူး….." ယီယွမ်က အေးအေးဆေးဆေး ပြောဆိုခဲ့၏။

"မောက်မာလိုက်တာ… မိုးကောင်းကင်တာအိုက အကြီးမားဆုံးပဲ… တကယ်လို့ မင်းက နတ်တန်ခိုးရှင်အဆင့်ကို ရောက်ရှိနိုင်ခဲ့ရင်တောင် မင်းက မိုးကောင်းကင်တာအိုရဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားနိုင်မှာမဟုတ်ဘူး….."

သိုင်းပညာရှင်များက မိုးကောင်းကင်တာအိုကို အကြီးမားဆုံးနေရာအဖြစ် သတ်မှတ်ထားကြသည်။ မိုးကောင်းကင်တာအို၏ရှေ့မှောက်၌ သိုင်းပညာရှင်များက မည်မျှပင် အစွမ်းထက်စေကာမူ သူတို့က ပုရွက်ဆိတ်လေးများသာ ဖြစ်ပေ၏။

ရှန့်ကွမ်လင်ယွင်က ပို၍မောက်မာနေခဲ့လျှင်ပင် မိုးကောင်းကင်တာအိုအပေါ် စော်ကားသော မှတ်ချက်မျိုးကို ပြောဆိုရဲခြင်းမရှိပေ။

သို့သော် ယီယွမ်က တစ်ကြိမ်သေဆုံးဖူးသော လူတစ်ယောက်ဖြစ်သည်။ ဤမိုးကောင်းကင်တာအိုက မျှတခြင်းမရှိကြောင်း သူခံစားခဲ့ရ၏။ အကယ်၍ ဤဘဝတွင် အခွင့်အရေးတစ်ခု ရရှိလာခဲ့လျှင် သူက မိုးကောင်းကင်တာအို၏ ကန့်သတ်ချက်များကို သေချာပေါက် ဖယ်ရှားပေမည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)Nơi câu chuyện tồn tại. Hãy khám phá bây giờ