ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(47)
Chapter-13
(မိုးကောင်းကင်စစ်ဆေးခြင်းကို အလုံးစုံတောင့်ခံထားခြင်း)
ဝုန်းးး…..
ယီယွမ်၏ အသံက ပျောက်ကွယ်သွားခြင်း မရှိသေးသော်လည်း ယခင်ကထက် ပိုမိုအားပြင်းသော မိုးကြိုးလျှပ်စီးတစ်ခုက သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။
"အားးး….."
ရှန့်ကွမ်ယွင်ရုံက နာကျင်စွာ အော်ဟစ်လိုက်၏။
မိုးကောင်းကင်စစ်ဆေးခြင်းက သိုင်းပညာရှင်များ အကြောက်ဆုံးအရာတစ်ခုဖြစ်သည်။ စိတ်ဝိညာဥ်ပင်လယ်နယ်ပယ်ကို ဝင်ရောက်သွားပြီးနောက် သူတို့က မိုးကောင်းကင်စစ်ဆေးခြင်းကြောင့် အချိန်မရွေး သေဆုံးသွားနိုင်ပေ၏။
"ယီယွမ်… အရူးကောင်… မင်းက စိတ်ဝိညာဥ်ပင်လယ်နယ်ပယ်ကိုပဲ တက်ရောက်တာလေ… ဘာလို့ မိုးကောင်းကင်စစ်ဆေးခြင်းရဲ့အစွမ်းက ဒီလောက်အထိ ကြီးမားနေရတာလဲ….." ရှန့်ကွမ်ယွင်ရုံက အော်ဟစ်လိုက်သည်။ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ပုဂ္ဂိုလ်များက အမှန်တကယ်ပင် အလွန်အစွမ်းထက်ပေ၏။ စိတ်ဝိညာဥ်ပင်လယ်နယ်ပယ်
သိုင်းပညာရှင်များကို ယီယွမ်နှင့်အတူ မိုးကောင်းကင်စစ်ဆေးခြင်းအား ကျော်ဖြတ်စေမည်ဆိုလျှင် သူတို့က လက်ရှိအချိန်၌ ပြာဖြစ်နေပြီသာ
ဖြစ်ပေလိမ့်မည်။အခြားတစ်ဖက်မှကြည့်လျှင် ယီယွမ်၏ မိုးကောင်းကင်စစ်ဆေးခြင်းက အလွန်အစွမ်းထက်နေခဲ့၍သာ မဟုတ်ခဲ့လျှင် ရှန့်ကွမ်ယွင်ရုံက ယီယွမ်ကို အစောကြီးကတည်းက သတ်ပစ်ခဲ့မည်သာ ဖြစ်သည်။ သူက မည်သည့်အတွက် ယီယွမ်ကို စစ်ဆေးခြင်းခံယူရန် အခွင့်အရေးပေးခဲ့မည်နည်း။
ပုံမှန်အားဖြင့် မိုးကောင်းကင်စစ်ဆေးခြင်း၏ အစွမ်းက သိုင်းပညာရှင်၏ခွန်အားကို လိုက်၍ ပြင်ဆင်သတ်မှတ်ခြင်းဖြစ်၏။ ဤအချိန်မတိုင်မီ၌ ယီယွမ်က ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်များ ရောက်ရှိနိုင်သည့် အမြင့်ဆုံးအကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
BINABASA MO ANG
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...