ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book 48
Chapter-11
(ပုံရိပ်ယောင်ပညာရပ်လား… ဟားဟား)
ယီယွမ်က သူထွက်မပြေးနိုင်ကြောင်း သိရှိနေ၍ ထွက်ပြေးရန် မည်သည့်အချိန်တွင်မှ မတွေးခဲ့ပေ။
ယွီလင်တို့သုံးယောက်က ပြင်ဆင်လာခဲ့သည်မှာ သိသာလှသည်။ သူ၏ရောက်ရှိလာမှုကို သူတို့က သိထားခဲ့သည်မှာ ကြာမြင့်နေပေလိမ့်မည်။
ယီယွမ်က ကျောက်စိမ်းမျက်နှာ နတ်သမီးမြေခွေးကလန်က မည်သို့သိရှိသည်ကို မသိသော်လည်း သူတို့က ထိုအရာကို သိရှိနေသည်မှာ သံသယဝင်စရာမလိုပေ။
ယွီလင်တို့သုံးယောက်၏
ခွန်အားက ဆိုးရွာခြင်းမရှိပေ။ သို့သော် သူတို့က အစွမ်းအထက်ဆုံး ဖြစ်မည်မဟုတ်ပေ။ထိုအဖိုးကြီးများ ထွက်လာမည်ဆိုလျှင် ယီယွမ်က အသာရမည်မဟုတ်ပေ။
အကယ်၍ ယီယွမ်က အဆုံးမဲ့တောအုပ်သို့ ပြန်လည်ထွက်ပြေးနိုင်ခဲ့လျှင်ပင် ထိုအချိန်၌ သူက တင်းလျန့်၏ သတ်ဖြတ်ခြင်းကို ရင်ဆိုင်ရပေဦးမည်။ နှိုင်းယှဥ်လိုက်လျှင် ဤနယ်မြေက အနည်းငယ် အန္တရာယ်ကင်းမည်ဟူ၍ ယီယွမ်က ခံစားနေခဲ့ရ၏။ယွီလင်က ယီယွမ်ကို အတွင်းခန်းမထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ အစွမ်းထက်သော အော်ရာလှိုင်းလုံးများက သူ့ဆီသို့ ထိပ်တိုက်ပြေးဝင်လာသည်ကို ယီယွမ်က ချက်ချင်းခံစားလိုက်ရ၏။
ယီယွမ်၏နှလုံးသားထဲ၌ အနည်းငယ် တုန်ယင်သွားခဲ့သည်။ ဤနတ်ဘုရားပိတ်ပင်ခြင်းဒီမွန်းနယ်မြေ၌ အဆင့်(6) ဒီမွန်းသားရဲတစ်ကောင် ရှိနေမည်ဟူ၍ သူလုံးဝထင်မထားခဲ့ပေ။
အမြင့်ဆုံးနေရာ၌ ထိုင်နေခဲ့သော အဖွားအိုထံမှ ထွက်လာသည့်အော်ရာက မယုံနိုင်စရာကောင်းအောင် အစွမ်းထက်နေခဲ့၏။ ထိုအရာက ကျောက်ထျန်းရင်၏ အော်ရာထက် ပို၍အစွမ်းထက်နေခဲ့သည်။ အဆင့်(6) ဒီမွန်းသားရဲတစ်ကောင်မှလွဲ၍ မည်သည့်အရာဖြစ်နိုင်မည်နည်း။
သို့သော် ယီယွမ်၏ နားလည်မှုအရ နတ်ဘုရားပိတ်ပင်ခြင်းဒီမွန်းနယ်မြေက အဆုံးမဲ့တောအုပ်၏ အမြုတေနယ်မြေတစ်ခုသာ ဖြစ်ပြီး အဆုံးမဲ့ကမ္ဘာကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်၏။ အဆင့်(6) ပုဂ္ဂိုလ်ကြီးတစ်ယောက်က မည်သည့်အတွက် ထွက်ပေါ်လာနိုင်မည်နည်း။
BẠN ĐANG ĐỌC
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Viễn tưởng(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...