ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(47)
Chapter-11
(ကြောင်နှင့်ကြွက်)
ခရမ်းနုရောင်လျှပ်စီးမြွေများက လေထဲတွင် ကခုန်နေခဲ့သည်။ ဧရာမစွမ်းအင်ဖိအားကြီးတစ်ခုက ယီယွမ်အပါအဝင် လူအားလုံးကို အသက်မရှူနိုင်တော့သည်အထိ ဖြစ်သွားစေခဲ့၏။
ဟင်းလင်းပြင်လွတ်မြောက်မှု မိုးကြိုးပေါက်ကွဲခြင်းတံဆိပ်တော်၏ အစွမ်းက သူမျှော်လင့်ထားသည်ထက် အများကြီး ပိုလွန်နေခဲ့ပြီဖြစ်သည်။
လန်ရွှမ်းက အနည်းငယ်သာ လူးလွန့်ရုန်းကန်နိုင်ခဲ့ပြီး လျှပ်စီးမြွေများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပေ၏။
ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ပုဂ္ဂိုလ်နှစ်ယောက်၏ တိုက်ခိုက်မှုများက လျှပ်စီးမြွေများ၏ ဖျက်ဆီးခြင်းခံလိုက်ရသည်။ ထိုအရာက လေလှိုင်းတစ်ခုကိုပင် ဖြစ်ပေါ်လာနိုင်စွမ်း မရှိခဲ့တော့ပေ။
ရှန့်ကွမ်ယွင်ရုံ၏ နှုတ်ခမ်းထောင့်က အလိုအလျောက်ပင် တွန့်ကွေးသွားခဲ့၏။ သူ၏မျက်စိရှေ့မှ မြင်ကွင်းကြောင့် တုန်လှုပ်သွားခဲ့သည်မှာ သိသာလှပေသည်။
အကယ်၍ သူကသာ လန်ရွှမ်းနှင့် နေရာချင်းလဲမိလိုက်လျှင် လက်ရှိအချိန်၌ လျှပ်စီးများ၏
လောင်ကျွမ်းခြင်းခံရမည့်သူမှာ သူဖြစ်နေလိမ့်မည်။ဟင်းလင်းပြင်လွတ်မြောက်မှု မိုးကြိုးပေါက်ကွဲခြင်းတံဆိပ်တော်က အမှန်တကယ်ပင် သူ၏နာမည်ဂုဏ်သတင်းနှင့် ထိုက်တန်နေခဲ့၏။
ဤအချိန်တွင် သွေးနီအလင်းတန်းမြို့၏ သိုင်းပညာရှင်များက ဤနေရာနှင့် အလွန်ဝေးကွာသောနေရာသို့ လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။
"အမ်... ဒါက... ဘာဖြစ်သွားတာလဲ… အစွမ်းထက်တဲ့ စွမ်းအင်အတက်အကျက ဘာလဲ.." ချူးရှစ်၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့၏။
ချူးရှစ်နှင့် အခြားသူများက အကြည့်ချင်းဖလှယ်လိုက်ပြီး အဖြေကို အလွန်မြန်ဆန်စွာဖြင့် မှန်းဆခဲ့ကြသည်။
BINABASA MO ANG
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...