Chapter 603

1.1K 133 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(46)

Chapter-6

(ရှန့်ကွမ်လင်ယွင်ကို နောက်ထပ်တစ်ကြိမ် တွေ့ရခြင်း)

"သတ်… သတ်ဖြတ်ပြီး အထဲဝင်ရမှာလား….."

ကောထောင်ချွင်က သူ၏လျှာကို ပြန်ကိုက်မိလုနီးပါးဖြစ်သွားခဲ့သည်။ အခြားသုံးယောက်က ထူးဆန်းသော မျက်နှာအမူအရာများ ရှိနေခဲ့ပေ၏။ ယီယွမ်က ဤသို့ရူးသွပ်နေသော စကားများကို ပြောဆိုခဲ့မည်ဟူ၍ သူတို့လုံးဝထင်မထားခဲ့ကြပေ။

လူဟုန်က ထိတ်လန့်တုန်လှုပ်မှုကို ထိန်းချုပ်၍ ပြောလိုက်သည်။ "အစ်ကိုယီ… ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီး၏ လမ်းငါးသွယ်မဟာစစ်တပ်က သိုင်းပညာရှင်တွေ အရေအတွက်က သန်းချီပြီးတော့ ရှိတယ်လေ… သူတို့ထဲမှာ နှောင်းပိုင်းအဆင့် စိတ်ဝိညာဥ်ပင်လယ်နယ်ပယ် သိုင်းပညာရှင်တွေ နည်းနည်းနောနော မဟုတ်ဘူး… သတ်ဖြတ်ပြီးတော့ အထဲဝင်မယ်… ဒါက အလုပ်မဖြစ်လောက်ဘူး ထင်တယ်နော်….."

ယီယွမ်က အေးအေးဆေးဆေး ပြောဆိုခဲ့၏။ "ဘာလဲ… ကြောက်နေတာလား… အချိန်ရှိသေးတယ်နော်… မင်းတို့တွေ အိမ်ပြန်သွားကြတော့… ငါတစ်ယောက်တည်း သွားလိုက်တော့မယ်….."

ဤသို့ဖြင့် ကောင်းကင်၏ ဂုဏ်ယူရသော ကလေးငယ်လေးယောက်က လှုံ့ဆော်ခြင်းခံလိုက်ရသည်။

ကောထောင်ချွင်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုခဲ့ပေ၏။ "ဘာလို့ကြောက်… ဘာလို့ ကြောက်ရမှာလဲ… ယောက်ျားဆိုတာ သူရဲကောင်းဆန်ဆန် သေဆုံးရလိမ့်မယ်… ကျွန်တော်က အစ်ကိုယီနဲ့အတူ တိုက်ခိုက်မယ်….."

ရင်ယန်းဟွာ၏ လှပသောမျက်လုံးများက လှုပ်ရှားသွားခဲ့ပြီး သူမက ပြောဆိုလိုက်သည်။ "ကျွန်မလည်း သွားမယ်….."

ယီယွမ်က အခြားနှစ်ယောက်ကို အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ပြောဆိုခဲ့၏။ "မင်းတို့တွေကရော….."

သူတို့နှစ်ဦးက အံကြိတ်၍ ပြောလိုက်သည်။ "သွားမယ်….."

"မင်းတို့လေးယောက်က သတ်ဖြတ်ပြီး ဝင်ရောက်ဖို့ပဲ လိုအပ်တယ်… အခြားအရာတွေ ဂရုစိုက်စရာမလိုအပ်ဘူး… ကျန်တာတွေကို ငါ့တာဝန်ထားလိုက်ပါ… မမေ့နဲ့နော်… မင်းတို့တွေက အစီအရင်ထဲကနေ ဘာကိစ္စပဲရှိရှိ ထွက်မလာရဘူး….."ယီယွမ်က သတိပေးခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)Donde viven las historias. Descúbrelo ahora