Chapter 632

1K 122 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(48)

Chapter-7

(အလောင်းအစားပြုလုပ်ခြင်း)

ဘုန်းးး…..

တင်းလျန့်က ရုတ်တရက်ပင် လက်ဝါးတစ်ချက်ဖြင့် ဘေးတွင်ရှိသော သစ်ပင်ကြီးတစ်ပင်ကို တစ်စစီဖြစ်သွားစေခဲ့၏။ သူ၏စိတ်ထဲမှ ဒေါသက မည်မျှပင်ကြီးမားသည်ကို မြင်တွေ့နိုင်ပေသည်။

အရာရာတိုင်းကို ကြိုတင်တွက်ဆထားခဲ့သည့်တိုင် ယီယွမ်က ဟင်းလင်းပြင်လွတ်မြောက်မှု မိုးကြိုးပေါက်ကွဲခြင်းတံဆိပ်တော်တစ်ခု ရှိနေမည်ဟူ၍ သူလုံးဝမျှော်လင့်မထားခဲ့ပေ။

ဤတစ်ကြိမ်တွင် သူက ယီယွမ်ကို ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ရုံသာမကဘဲ သူကိုယ်တိုင်ပင် ဒဏ်ရာများစွာ ရရှိသွားခဲ့၏။

သူက စောစောလေးကပင် ယီယွမ်က ဤတစ်ကြိမ်၌ လွတ်မြောက်နိုင်မည်
မဟုတ်ကြောင်း ခိုင်ခိုင်မာမာ ပြောဆိုနေခဲ့သည်။ အဆုံးသတ်တွင် ယီယွမ်က ထွတ်ပြေးသွားခဲ့ပေ၏။

သိပ်သည်းသောမြူခိုးထုများကို တစ်လွှာပြီးတစ်လွှာ ရင်ဆိုင်တွေ့ခဲ့ရ၍ တင်းလျန့်က ပြန်လည်ဆုတ်ခွာလာခဲ့သည်။

ဤသိပ်သည်းသောမြူခိုးထု၏ နောက်၌ လူသားသိုင်းပညာရှင်များအတွက် တားမြစ်နယ်မြေရှိနေကြောင်း သူသိ​ထားပေ၏။ ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်များပင် ဤတားမြစ်သေမင်းနယ်မြေသို့ ဝင်ရောက်ပြီးနောက် ပြန်လည်ထွက်လာနိုင်မည်မဟုတ်ပေ။

အင်း… တိတိကျကျ ပြောရရင်တော့ သူတို့တွေ ပြန်လာနိုင်ပါတယ်… ပြန်လာတာက အသက်ရှင်ရက်မဟုတ်ဘဲ အလောင်းအဖြစ်နဲ့ ပြန်လာကြတာပေါ့လေ….

ပြင်းထန်သောမုန်တိုင်းကမ္ဘာကြီး၏ စုံစမ်းရရှိထားသမျှ သတင်းအချက်အလက်များအရ ဤတားမြစ်သေမင်းနယ်မြေက အဆုံးမဲ့ကမ္ဘာကြီး၏ ကြောက်စရာအကောင်းဆုံး နယ်မြေဖြစ်သည်။ အရှင်လေအင်ပါယာပင် ဤနယ်မြေထဲသို့ ခြေချရဲခြင်းမရှိပေ။

သူတို့ကမ္ဘာကြီးမှ အဆုံးမဲ့ကမ္ဘာကြီးသို့ ထွက်မလာခင် ကျောက်ထျန်းရင်က သူတို့ကို ကိစ္စနှစ်ခု သတိပေးလိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)Where stories live. Discover now