ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(46)
Chapter-4
(ပထမလက်ဟန်)
မြို့ပိုင်အရှင်သခင်ဂေဟာကလည်း လက်ရှိအချိန်၌ အလုပ်ရှုပ်နေခဲ့ကြသည်။
ကမ္ဘာနှစ်ခုကြား စစ်ပွဲက ကန့်လန့်ကာဖွင့်လိုက်ပြီဖြစ်၍ ရှေ့တန်းသိုင်းပညာရှင်များ၏ ဆေးလုံးများ လိုအပ်မှုက မိုးထိအောင် ထိုးတက်သွားခဲ့၏။
ရန်ရှင်းချွန်းက ဤရက်များအတွင်း ဆေးလုံးဖော်စပ်မှုများကို တစ်လျှောက်လုံး ဖော်စပ်နေခဲ့ကာ ထိပ်ပိုင်းအကြီးအကဲများ တွေ့ဆုံပွဲတွင်ပင် တက်ရောက်ပါဝင်ခြင်း မရှိခဲ့ပေ။
ယီယွမ်က သူ၏မိဘများကို ကန်တော့ရန်လာရောက်ခဲ့သည်။ သူ့ကို အံ့အားသင့်စေသည်မှာ သူ၏မိခင် ရန်ဟုန်လင်က တံခါးပိတ်ကျင့်ကြံနေခြင်းဖြစ်၏။ ထိုအစား သူ၏ဖခင်က အချိန်ဖြုန်းနေခဲ့သည်။
ယီယွမ်က မေးမြန်းလိုက်သောအခါ
ရန်ဟုန်လင်က သဘာဝစွမ်းအင်များ ပြန်လည်ရရှိပြီးနောက် ကျင့်ကြံခြင်းကို အရူးအမူး ပြုလုပ်ခဲ့ကြောင်း သိရှိခဲ့၏။ ယီယွမ်က ကျယ်ပြန့်သော ကောင်းကင်ဘုံလျှို့ဝှက်နယ်မြေအတွင်း၌ ရှိနေသော အချိန်အတွင်းတွင် သူမက တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေခဲ့သည်။သူ၏မိခင်အခြေအနေနှင့် ပတ်သက်၍ ယီယွမ်က ပြုံးနေရုံသာ တတ်နိုင်ခဲ့၏။ ကြည့်ရသည်မှာ ဤနှစ်အနည်းငယ်အတွင်း သူ၏မိခင် စိတ်ထဲ၌ ချိုးနှိမ်ထားခဲ့ရသော ဆန္ဒက နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။
တွေ့ဆုံပြီးနောက် သားအဖနှစ်ယောက်က စိုးရိမ်ပူပန်ခြင်း မရှိကြတော့ပေ။ ယီယွမ်က ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားခရီး အကြောင်းကို အကျဥ်းချုံးရှင်းပြခဲ့ရာ ယီဟန်က အလွန်စိတ်လှုပ်ရှားသွားခဲ့၏။
အဆုံးမဲ့ကမ္ဘာကြီးတစ်ခုလုံးကို အရူးအမူး ဖြစ်သွားစေခဲ့သော ရတနာတစ်ခုကို သူ၏သားက ပိုင်ဆိုင်သွားခဲ့ပြီဖြစ်သည်။ ဤသို့အောင်မြင်မှုက ကြီးမားလှပေ၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...