ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(48)
Chapter-5
(တားမြစ်သေမင်းနယ်မြေ)
ယီယွမ်၏စကားများက ချူးရှစ်နှင့်အခြားလူများကို အံ့အားသင့်သွားစေခဲ့သည်။
"ဆရာယီ… ဘာကိုဆိုလိုတာလဲ… ဆရာယီက ကျွန်တော်တို့နဲ့ အတူမလိုက်ဘူးလား….." ချူးရှစ်က ပဟေဠိဖြစ်နေဟန်ဖြင့် ပြောဆိုခဲ့၏။
ယီယွမ်က သူ၏လက်ထဲမှ အနက်ရောင်အမှတ်ကို အားလုံးမြင်အောင်ပြ၍ သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုခဲ့ပေသည်။ "အဲဒီရှန့်ကွမ်ယွင်ရုံက သူမသေခင် နတ်ဘုရားစိတ်ဝိညာဥ်ကျိန်စာ ပေးသွားခဲ့တယ်… ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးရဲ့ ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ပုဂ္ဂိုလ်တွေက ဒီကျိန်စာကိုအခြေခံပြီး ကျုပ်ကို ခြေရာခံလိုက်နိုင်တယ်… ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ပုဂ္ဂိုလ်တွေက ဒီကိုလာရာလမ်းမှာ ရောက်နေလောက်ပြီ… တကယ်လို့ ကျုပ်က ခင်ဗျားတို့နဲ့ အတူလိုက်လာရင် ခင်ဗျားတို့ မလွတ်မြောက်နိုင်တော့ဘူး… သူတို့ရဲ့ပစ်မှတ်က ကျုပ်ပဲ… ကျုပ်က ခင်ဗျားတို့နဲ့ အတူလိုက်မလာဘူးဆိုရင် ခင်ဗျားတို့အားလုံးက အောင်အောင်မြင်မြင် လွတ်မြောက်သွားလိမ့်မယ်….."
လူတိုင်းက ယီယွမ်၏လက်ထဲမှ အနက်ရောင်အမှတ်ကိုမြင်လိုက်ချိန်၌ အလိုအလျောက်ပင် အသက်ကို အေးစက်စွာ ရှူသွင်းလိုက်ရ၏။
"ဒါက… ဒါက… ဆရာယီက ကိုယ့်ဘာသာသွားမယ်ဆိုရင် အဲဒါက အန္တရာယ်ကြီးလွန်းတယ် မဟုတ်ဘူးလား….." ကျူးချန်ကျစ်က စိုးရိမ်စွာဖြင့် ပြောဆိုခဲ့သည်။
"ဟုတ်တယ်… မဟာမိတ်အဖွဲ့ကို လျင်လျင်မြန်မြန် သတင်းပို့ပြီးတော့ ကျွန်တော်တို့ကို ကယ်ဆယ်ပေးဖို့ ပုဂ္ဂိုလ်ကြီးတွေ လွှတ်ပေးစေရင်ရော….." ချင်ယန်းက ပြောလိုက်၏။ယီယွမ်က သူ၏ခေါင်းကိုခါယမ်း၍ ပြောခဲ့သည်။ "တော်တော်လေး နောက်ကျသွားပြီ… ဟုတ်ပြီ… စကားအများကြီးမပြောတော့ဘူး… မင်းတို့တွေ မြန်မြန်ထွက်သွားကြတော့… ဒီအခြေအနေကနေ ရှောင်ရှားဖို့ ငါ့မှာ နည်းလမ်းတွေ
အများကြီးရှိတယ်….."
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...