ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(49)
Chapter-7
(တစ်ညကြာပြီးနောက် ရင့်မှည့်လာခြင်း)
"အဲဒါ တကယ်ပါပဲ….." ယီယွမ်က တုံ့ဆိုင်းခြင်းပင်မရှိဘဲ သဘောတူလိုက်သည်။
အတည်ပြုအဖြေတစ်ခုကို ရရှိလိုက်သော် တည်ငြိမ်သောယွီရှင်းပင် ထခုန်လုမတတ် ဖြစ်သွားခဲ့၏။
သူမက သခင်ငယ်ဟူသော အဆင့်အတန်းကို ထိန်းချုပ်ရန်အတွက် ထိန်းချုပ်လိုက်ရသော်လည်း စိတ်လှုပ်ရှားနေသော ခံစားချက်များက သူမ၏မျက်နှာပေါ်တွင် ပေါ်လွင်နေခဲ့သည်။
"ကောင်းလိုက်တာ… အစ်ကိုကြီးယီယွမ်က တကယ်ကို စိတ်ထားကောင်းတဲ့ လူတစ်ယောက်ပါပဲ….."
ယွီရှုက အများကြီး အလေးမထားခဲ့ဘဲ ယီယွမ်၏လက်မောင်းကို ချက်ချင်းဆုပ်ကိုင်၍ ပြောဆိုလိုက်၏။
လျှပ်စီးစွမ်းအင်သစ်သီးတောအုပ်က သေးငယ်ခြင်းမရှိပေ။ ငါးပုံတစ်ပုံ အရေအတွက်က နည်းပါးသော ပမာဏတစ်ခုမဟုတ်ပေ။ဤလျှပ်စီးစွမ်းအင်သစ်သီးများဖြင့်ဆိုလျှင် သူမတို့ကလန်၏ ခွန်အားက ပို၍မြင့်မားလာပေမည်။ ယွီရှင်းကလည်း အန်ရွှမ်ကို အချိန်တိုအတွင်း အသာရသွားပေတော့မည်။
ရေခဲတမျှအေးစက်သော ယွီလင်ကိုယ်တိုင်ပင် လက်ရှိအချိန်၌ ကျေးဇူးတင်သောအပြုံးတစ်ခု ရှိနေခဲ့သည်။
"တကယ်ကောင်းပါတယ်… လျှပ်စီးစွမ်းအင်သစ်သီးတွေက အလွန်ဆုံး တစ်လနေရင် ရင့်မှည့်တော့မယ်… အဲဒီအချိန်ကျရင် ကျွန်မတို့ကလန်ကို ဘယ်သူက အနိုင်ကျင့်ရဲမလဲဆိုတာ သိချင်မိတယ်….." ယွီရှင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။
သို့သော် ယီယွမ်က ပြုံး၍ပြောလိုက်သည်။ "တစ်လဟုတ်လား… တော်တော်ကြာလွန်းတယ်… မြွေကလန်က ငါတို့ကို ဒီနေရာမှာ တစ်လအထိ အေးအေးဆေးဆေး နေခိုင်းမယ်လို့ မင်းထင်နေလို့လား….."
ယွီရှင်း၏ နှလုံးသားက တုန်ယင်သွားခဲ့၏။ "ရှင်ပြောချင်တာက….."
VOUS LISEZ
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...