ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(48)
Chapter-4
(လက်သီးတစ်ချက်ဖြင့် ရှင်းလင်းသုတ်သင်ခြင်း)
ရှန့်ကွမ်ယွင်ရုံက ထိတ်လန့်သွားခဲ့သည်။ သို့သော် သူက မည်မျှပင်ပြေးလွှားစေကာမူ အလင်းဖြူ၏ လက်ထဲမှ မလွတ်မြောက်နိုင်ခဲ့ပေ။
အလင်းဖြူ၏ ကြောက်စရာကောင်းသော အမြန်နှုန်းက ရှန့်ကွမ်ယွင်ရုံကို မည်သို့ပြုလုပ်ရမည်မှန်း မသိအောင် ဖြစ်သွားစေခဲ့၏။
သူ၏တိုက်ခိုက်မှုများက အလင်းဖြူ၏ အရေပြားကိုပင် မထိနိုင်ခဲ့ပေ။ သို့သော် အလင်းဖြူက သူ့ကို အလွတ်မပေးခဲ့ဘဲ ထွက်ပြေးရန် အခွင့်အရေး လုံးဝမပေးခဲ့ပေ။
ခွန်အားအရာတွင် အလင်းဖြူက ရှန့်ကွမ်ယွင်ရုံထက် အနည်းငယ်အားနည်းနေသည်မှာ အမှန်တရားဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရှန့်ကွမ်ယွင်ရုံက လက်ရှိအချိန်၌ အဆင့်(1) ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ်သို့ ကျဆင်းသွားခဲ့သည့်တိုင် ပုံမှန်အားဖြင့် သူက အဆင့်(3) ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပေ၏။
သို့သော် အလင်းဖြူက သူနှင့်ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိခဲ့ပေ။ သူက အနှောင့်အယှက်ပေးသော ဗျူဟာကိုသာ ကောင်းမွန်စွာ လုပ်ဆောင်ခဲ့သည်။
သူ၏ရည်ရွယ်ချက်က အသက်ရှူချိန် အကြိမ်တစ်ရာရောက်အောင် အချိန်ဆွဲထားရန်သာ ဖြစ်၏။လက်ရှိအချိန်၌ ချူးရှစ်နှင့် အခြားသူများက သတ်ဖြတ်နေရင်း ခြေကုန်လက်ပန်းကျလာခဲ့သည်။ သူတို့က သေခြင်းတရားကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်ကြ၏။ ဒီမွန်းသားရဲ အများအပြားက ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့ကို ကူညီမည်ဟု မည်သူက ကြိုသိခဲ့မည်နည်း။ ဤအရာက သူတို့ကို ရုတ်တရက်ပင် ပျော်ရွှင်သော ခံစားချက်တစ်ခုကို ရရှိသွားစေခဲ့သည်။
"ဟားဟား… ဆရာယီက အဆင်ပြေမှာပါလို့ ငါမပြောခဲ့ဘူးလား… ဆရာယီနောက်ကိုလိုက်တာနဲ့ အသားစားပြီး စွပ်ပြုတ်သောက်ဖို့က အလွယ်လေးပဲ….." ချူးရှစ်က အားပါးတရ ရယ်မော၍ ပြောလိုက်၏။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...