ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(49)
Chapter-2
(အဇူရာစိတ်ဝိညာဥ်အပင်၏ သတင်း)
ယွီရှင်း၏ ကျင့်ကြံမှုက ပြီးဆုံးသွားခဲ့၏။ ယခုကဲ့သို့သော ခံစားချက်မျိုးကို သူမက မည်သည့်အချိန်တွင်မှ ခံစားဖူးခြင်းမရှိပေ။
ယီယွမ်က သူမအတွက် ဖော်စပ်ပေးခဲ့သော
စကန်ဒါရှေးဟောင်းဝိညာဥ် ဒီမွန်းဆေးလုံးကို စားသုံးခြင်းက ယွီရှင်း၏ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်လာစေသည်မကဘဲ သူမ၏ခွန်အားကို နောက်တစ်ဆင့် မြင့်တက်သွားစေခဲ့ပြီး
အစောပိုင်းအဆင့် အဆင့်(5) အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားစေခဲ့သည်။ယီယွမ်က သူမကို ဆေးလုံးပေးအပ်ချိန်၌ ပြောခဲ့သောစကားများကို ပြန်တွေးလိုက်မိပြီးနောက် ယွီရှင်းက ကူရာကယ်ရာမဲ့စွာဖြင့် ခါးခါးသီးသီး ပြုံးလိုက်ပေ၏။
ဒီလူက အခြားသူတွေရဲ့ ခံစားချက်ကို တော်တော်လေး လျစ်လျူရှုတာပဲ…..
သူမက ကျောက်စိမ်းမျက်နှာ နတ်သမီးမြေခွေးကလန်၏ သခင်ငယ်ဖြစ်သည်။ အခြားသူများက သူမကို ဖားနေရန် တန်းစီနေခဲ့ကြ၏။
ယီယွမ်က ထိုမျှအထိ ကြီးမားသောကျေးဇူးတရားကို ပြုလုပ်ခဲ့သည့်တိုင် သူမက ယွီရှု၏ မျက်နှာကို ထောက်ထားခဲ့သည်ဟူ၍ ပြောဆိုခဲ့သည်။
ဒီစကန်ဒါရှေးဟောင်းဝိညာဥ် ဒီမွန်းဆေးလုံးက တော်တော်လေး အစွမ်းထက်တာပဲ.... သူက ဆေးညွှန်းကို ဘယ်နေရာကနေ ရရှိလာတာလဲဆိုတာ တကယ်မသိတော့ဘူး…..
ယီယွမ်ဆိုတဲ့လူက ဘယ်လိုလူမျိုးလဲ…..
ရုတ်တရက် ထွက်ပေါ်လာခဲ့သော ဤလူအကြောင်းကို သူမက အလွန်စိတ်ဝင်စားလာခဲ့ပြီဖြစ်ကြောင်း ယွီရှင်းက တွေ့ရှိလာခဲ့ရ၏။
"ယွီရှင်း… စကန်ဒါရှေးဟောင်းဝိညာဥ် ဒီမွန်းဆေးလုံးကို သန့်စင်တာ ပြီးဆုံးသွားပြီလား….."
ထိုအချိန်တွင် ယွီဟန်၏အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...