ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(46)
Chapter-11
(အင်အားစုစည်းခြင်း)
ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ငချွတ်ကလေးတစ်ယောက်၏ ခွန်အားက ထိုအဆင့်အထိ မြင့်မားနေခဲ့သည်။ ဤအရာက တင်းရှန်းနားမလည်နိုင်သော အရာတစ်ခုဖြစ်၏။
သူ၏အမြင်တွင် ရှန့်ကွမ်လင်ယွင်ကဲ့သို့ လူတစ်ယောက်ကပင် အလွန်အမင်း မွန်းစတားဆန်နေခဲ့ပြီဖြစ်သည်။
သူ့ထက် ပို၍မွန်းစတားဆန်သော ပုဂ္ဂိုလ်တစ်ယောက်က တင်းရှန်းနားလည်နိူင်သည်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်၏။
ကျင့်စဥ်နယ်ပယ် ပိုမိုမြင့်မားလာသည်နှင့် ကျင့်စဥ်အဆင့်များ ဖြတ်ကျော်၍ တိုက်ပွဲဝင်ရန် ပို၍ခက်ခဲလာပေသည်။
စိတ်ဝိညာဥ်ပင်လယ်နယ်ပယ်သို့ ရောက်ရှိလာသည်နှင့် သာမန်နယ်ပယ်များအကြား ကွာခြားမှုကလည်း ကြီးမားလာခဲ့ပေ၏။
ရှန့်ကွမ်လင်ယွင်က အဆင့်(7) စိတ်ဝိညာဥ်ပင်လယ်နယ်ပယ်သာ ရှိနေသေးသော်လည်း ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ်၏ အောက်တွင် နံပါတ်တစ်ပုဂ္ဂိုလ်ဟူ၍ နာမည်ကျော်နေခဲ့ပြီဖြစ်သည်။ ဤအရာက ကောင်းကင်ဘုံ၏အလိုကို အလွန်ဆန့်ကျင်နေခဲ့ပေ၏။.ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ငချွတ်ကလေးတစ်ယောက်က ထိုမျှအင်အားကြီးနေခဲ့သည်။
ဒါက ဘယ်လိုအခြေအနေမျိုးလို့ သတ်မှတ်ရမှာလဲ…..
"အရှင်ရှန့်ကွမ်… ဒါဆိုရင် ကျွန်တော်တို့ ဘာလုပ်သင့်လဲ….." တင်းရှန်းက မေးမြန်းလိုစိတ်ကို ထိန်းမရခဲ့ပေ။
အဆုံးမဲ့ကမ္ဘာကြီးက ရှန့်ကွမ်လင်ယွင်နှင့် ခွန်အားတူညီသော လူငယ်တစ်ယောက်ကို စေလွှတ်ပေးခဲ့၏။ ထိုအရာက အလွန်ဒုက္ခရောက်နိုင်ပေသည်။
ရှန့်ကွမ်လင်ယွင်က အေးအေးဆေးဆေးသာ ပြောဆိုလိုက်၏။ "စောင့်ရမယ်….."
တင်းရှန်းက မှင်တက်သွားခဲ့ပြီး ပြောခဲ့သည်။ "စောင့်ရမှာပေါ့….."
CZYTASZ
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...