Chapter 652

1K 127 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(49)

Chapter-13

(နဂါးသခင်)

ရုတ်တရက်ပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ကျွမ်းသွားသလို ပူလောင်လာမှုကို ယီယွမ်က ခံစားခဲ့ရသည်။

သူ၏ခန္ဓာကိုယ်ရှိ အသွေးအသားအားလုံး မီးလောင်နေသလို ခံစားနေရ၏။

ထိုအရာအားလုံးက သူ၏ထိန်းချုပ်မှုကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ ထိုအရာက သူ၏ခန္ဓာကိုယ်ရှိ နဂါးသွေးမှ ထိန်းချုပ်နေခြင်းဖြစ်ပေသည်။

သို့သော် ယီယွမ်က ထိုအရာကို ဖိနှိပ်ရန်မကြိုးစားခဲ့ပေ။ ထိုအစား သူက ထိုအရာကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ပေးထားခဲ့၏။

သူက နဂါးသွေး၏ မူလအသိစိတ်ကို ဖယ်ရှားခဲ့ပြီးဖြစ်သော်လည်း ဂုဏ်ယူဝံ့ကြွားသော နဂါးမျိုးနွယ်သွေးမျိုးဆက်က ကောင်းကင်နက်ဒီဗိုင်းဝံပုလွေ သွေးမျိုးဆက်ကဲ့သို့သော အမှိုက်သွေးမျိုးဆက်၏ ဖိနှိပ်ခြင်းကို လက်ခံမည်မဟုတ်ကြောင်း ယီယွမ်က သိရှိပေသည်။

ထို့ကြောင့် ထိုအရာက သူ့ဘာသာသူ အသက်ဝင်လာခြင်းဖြစ်၏။

လန်ဟွင်း၏ ခန္ဓာကိုယ်မှ ကောင်းကင်နက်ဒီဗိုင်းဝံပုလွေ သွေးမျိုးဆက်က အလွန့်အလွန် ထူထဲ​နေခဲ့သည်။ ကျင့်စဥ်အဆင့်၏ ဖိအားကို
ပေါင်းစပ်လိုက်သောအခါ ယီယွမ်၏ အရိုးများက အသံများထွက်လာခဲ့ပေ၏။

သို့သော် ဝံ့ကြွားသော နဂါးမျိုးနွယ်သွေးမျိုးဆက်က အနည်းငယ်မျှပင် ဖိနှိပ်ခံရခြင်းမရှိပေ။

သိရမည့်အချက်မှာ လန်ဟွင်း၏ ကောင်းကင်နက်ဒီဗိုင်းဝံပုလွေ သွေးမျိုးဆက်က အမှန်တကယ်ပင် အလွန်သန့်စင်နေခဲ့ပြီး ဝံပုလွေဖန့်ကဲ့သို့သော တစ်ဝက်တစ်ပျက်အဆင့် ဒီမွန်းက နှိုင်းယှဥ်နိုင်သော အရာမဟုတ်ပေ။

တစ်ဖက်တွင် ယီယွမ်၏ နဂါးမျိုးနွယ်သွေးမျိုးဆက်က အလွန်သန့်စင်နေသည့်တိုင် သူ၏ခန္ဓာကိုယ်က သန့်စင်နိုင်စွမ်းမရှိသေးသော အပိုင်းအများကြီး ကျန်နေပေသေးသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)Donde viven las historias. Descúbrelo ahora