ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(47)
Chapter-8
(ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ထွက်ပေါ်လာခြင်း)
ထိုသိုင်းပညာရှင်များက သတ်ဖြတ်ခြင်းကြောင့် ရူးသွပ်နေခဲ့ပြီဖြစ်သည်။ သူတို့က ယီယွမ်၏ သတိပေးချက်ကို မည်သည့်အတွက် ဂရုစိုက်မည်နည်း။
"မီးတောက်ရွေ့လျားမှု အစစ်အမှန်နဂါး
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း....."ယီယွမ်က တုံ့ဆိုင်းခြင်းမရှိဘဲ လက်ဝါးချက်ထုတ်ဖော်ပြီး ရှေ့တက်လာသူများကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်၏။
ဤသို့ဖြင့် ထိုသိုင်းပညာရှင်များက နောက်ဆုံးတွင် ယီယွမ်၏ အစွမ်းကို သိရှိသွားခဲ့ကြသည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်လိုက်ကြပြီး ယီယွမ်ကို ကြောက်ရွံ့စွာ ကြည့်နေခဲ့ပေ၏။
"ဟက်... မင်းက ဒီလိုနည်းလမ်းမျိုး အသုံးပြုလိုက်တာနဲ့ ကျန်တဲ့သူတွေကို အသက်ရှင်ရက် ထုတ်ပေးနိုင်မယ်လို့ ထင်နေတာလား... ငါကသူ့ကိုတားဆီးထားလိုက်မယ်... မင်းတို့တွေက သူတို့နောက်ကို ဆက်လိုက်သွားလိုက်... အားလုံးကို ငါ့အတွက် သတ်ပစ်လိုက်ကြ... တစ်ယောက်မှ ချန်မထားကြနဲ့....." ရှန့်ကွမ်လင်ယွင်က အခြားသူများကို အမိန့်ပေးလိုက်သည်။
ဤပြင်းထန်သောမုန်တိုင်းကမ္ဘာကြီး၏ သိုင်းပညာရှင်များက ရှန့်ကွမ်လင်ယွင်၏ စကားများကိုကြားသော် သူတို့က လှုပ်ရှားရန် ပြင်ဆင်လိုက်ကြ၏။ယီယွမ်က အေးအေးဆေးဆေး ပြောဆိုလိုက်သည်။ "သေရမှာမကြောက်တဲ့သူတွေနောက်ကနေ လိုက်သွားနိုင်တယ်....."
သူ၏အသံက ကျယ်လောင်ခြင်းမရှိသော်လည်း လူတိုင်း၏နားထဲသို့ ပြတ်သားစွာ ဝင်ရောက်သွားခဲ့၏။ လူတိုင်းက မသိလိုက်မသိဘာသာဖြင့် တုန်ယင်သွားခဲ့ကြပြီး အလိုအလျောက်ပင် ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။
ရှန့်ကွမ်လင်ယွင်၏ မျက်နှာအမူအရာက နက်မှောင်သွားခဲ့၏။ သူက ချက်ချင်းပင် သိုင်းပညာရှင်တစ်ယောက်ကို ဆုပ်ကိုင်၍ သေအောင်ရိုက်သတ်လိုက်ပြီး လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။ "အားလုံးပဲ မကြားကြဘူးလား... ငါ့စကားအတိုင်း နောက်ကနေလိုက်သွားကြ... မင်းတို့တွေက အရှင်လေအင်ပါယာရဲ့ သင်ကြားမှုတွေကို မေ့သွားကြတာလား....."
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...