ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(50)
Chapter-4
(သဘာဝမီးလျှံ ပုံမှန်မဟုတ်ပြောင်းလဲလာခြင်း)
ရှောင်တိုင်းက ထိုကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ခြင်းမရှိတော့ပေ။ သူက ယီယွမ်၏အခန်းမှ စိတ်ကျေနပ်စွာဖြင့် ထွက်လာခဲ့ပြီး မည်သူတစ်ယောက်မှ ယီယွမ်အား အနှောင့်အယှက်မပေးစေရန် အမိန့်ပေးထားခဲ့သည်။
အမှန်တကယ်တွင် စောစောက တင်းတင်းကျပ်ကျပ် ဝန်းရံပိတ်ဆို့ခြင်းကို သူကဖယ်ရှားခြင်းမပြုခဲ့ပေ။
သခင်ငယ်တစ်ယောက်အနေဖြင့် ရှောင်တိုင်း၏ ဉာဏ်ရည်က ရှောင်ဟွေထက် အများကြီးပိုကောင်းပေ၏။
ယုန်ကိုမမြင်ရဘဲ သူက သိမ်းငှက်ကို မည်သည့်အတွက် စေလွှတ်မည်နည်း။
ရှောင်တိုင်းထွက်သွားပြီးနောက် ယီယွမ်က ကြီးမြတ်သောစန္ဒကူးမီးလျှံကြာပန်းကို မီးဓာတ်စွမ်းအင်များ စတင်စုပ်ယူစေခဲ့သည်။
ယီယွမ်က မီးကို အသုံးပြုရာ၌ ကျွမ်းကျင်သော လူတစ်ယောက်ဖြစ်၏။ သူ၏ မီးဓာတ်စွမ်းအင်များကို စုပ်ယူမှုအမြန်နှုန်းက ရှောင်ကျန့် ယှဥ်ပြိုင်နိုင်သော အရာတစ်ခု လုံးဝမဟုတ်ပေ။ပုံမှန်အားဖြင့် သူက မီးအရင်းအမြစ်သလင်းတုံး တစ်တုံးကို အချိန်၁၅မိနစ်ခန့်ဖြင့် ပြီးဆုံးအောင်စုပ်ယူနိုင်ခဲ့သည်။
ဤသို့သော စုပ်ယူမှုနှုန်းဖြင့်ဆိုလျှင် ယေဘုယျကျကျ ပြောဆိုမည်ဆိုပါက မီးအဆိပ်မှာ အလွန်မြန်ဆန်စွာပင် ထကြွလာပေလိမ့်မည်။ သို့သော် ယီယွမ်အတွက်မူ ထိုအရာက ပြဿနာမဟုတ်ပေ။
ယီယွမ်က မူလသံလိုက်ဓာတ် ဝိညာဥ်သစ်သားကို သန့်စင်ခဲ့ပြီးဖြစ်၍ အဆိပ်ပေါင်း အမျိုးတစ်ရာအထိ အဆိပ်ပြီးနေခဲ့၏။ သူက မူလသံလိုက်ဓာတ် ဝိညာဥ်သစ်သား ရှိမနေခဲ့လျှင်ပင် မီးအဆိပ်ကို ဖယ်ရှားခြင်းက အနည်းငယ်မျှသာ အားစိုက်ရန်လိုအပ်ပေမည်။
အကယ်၍ ယီယွမ်ကသာ အဆင့်နိမ့်မီးအဆိပ်ကို မဖယ်ရှားနိူင်ခဲ့လျှင် မှော်ဆေးပညာရှင်အင်ပါယာဖြစ်သော သူက အမှိုက်ဖြစ်သွားပေလိမ့်မည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...