ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(48)
Chapter-3
(ကြီးမားသောအပြောင်းအလဲ)
ခရမ်းနုရောင်မိုးကြိုးလျှပ်စီးက ယီယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ ဤအတိုင်းကျဆင်းသွားခဲ့သည်။
စိတ်ဝိညာဉ်စစ်ဆေးခြင်း၏ ထိခတ်မှုကို ခံလိုက်ရပြီးနောက် ယီယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးက လေသင်တုန်းဖြတ်သွားသကဲ့သို့ မလှုပ်မရှားနိုင်ဘဲ ဖြစ်သွားခဲ့၏။
ဤမြင်ကွင်းကိုမြင်သော် ရှန့်ကွမ်ယွင်ရုံက ရူးသွပ်စွာရယ်မော၍ ပြောဆိုခဲ့သည်။
"ယီယွမ်... မင်းက တကယ်လို့ မိုးကောင်းကင်စစ်ဆေးခြင်းကို ဖြတ်ကျော်နိုင်ခဲ့ရင်ကော ဘာဖြစ်လဲ... မင်းက ငါ့လက်ထဲမှာ သေရတော့မှာ မဟုတ်ဘူးလား... မင်းက အစစ်အမှန်ဂျီးနီးယပ်တစ်ယောက်ဆိုတာ ငါတို့ကို သက်သေပြခဲ့တယ်… အဲဒီတော့ဘာဖြစ်လဲ… အစစ်အမှန်ဂျီးနီးယပ်တစ်ယောက်ကို သတ်နိုင်တော့မယ်ဆိုတော့ ငါက ပိုပြီးတော့တောင် ဂုဏ်ယူမိသေးတယ်… ဟားဟားဟား….."ဤခရမ်းနုရောင် မိုးကြိုးလျှပ်စီးကို ရင်ဆိုင်ခဲ့ရပြီးနောက် ယီယွမ်က အသက်ရှူနေဆဲသာဖြစ်သော်လည်း နောက်ထပ်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။ သူက ပိုက်ထဲတွင်ရှိနေသော ငါးတစ်ကောင်သဖွယ် ဖြစ်နေခဲ့ပြီး ရှန့်ကွမ်ယွင်ရုံ၏ သနားညှာတာခြင်းကို စောင့်ဆိုင်းရပေတော့မည်။
"ညီအစ်ကိုတို့ သွားကြမယ်…."
ချူးရှစ်က အော်ဟစ်လိုက်၏။ ပြန်ရောက်လာခဲ့ကြသော လူများက တုံ့ဆိုင်းခြင်းမရှိဘဲ ပြင်းထန်သောမုန်တိုင်းကမ္ဘာကြီး၏ မဟာစစ်တပ်အတွင်းသို့ ဝင်ရောက်သတ်ဖြတ်လိုက်ကြသည်။အချိန်တစ်ခုအကြာတွင် စစ်ပွဲခေါ်သံများက လေထုထဲ၌ ပြည့်နှက်သွားခဲ့၏။
ရှန့်ကွမ်ယွင်ရုံက ဤမြင်ကွင်းကိုမြင်သော် အထင်သေးနေသောအမူအရာဖြင့် ပြောဆိုခဲ့သည်။ "မင်းက လူတွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်နိုင်တဲ့ စွမ်းရည်အချို့ရှိနေတာပဲ... ဒီအမှိုက်တွေက အပြင်ကိုရောက်ရှိသွားခဲ့ပြီးပြီ… မင်းကိုကယ်ဆယ်ဖို့အတွက် သူတို့က တကယ်ပြန်လာခဲ့တယ်... ဒါပေမဲ့ အဲဒီအမှိုက်ကောင်အနည်းငယ်က ဘာလုပ်နိုင်မှာလဲ….."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...