ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(49)
Chapter-11
(မူလသံလိုက်ကွင်းပြင်)
ဝှစ်…..
ဝံပုလွေဖန့်က သူ၏စကားဆုံးသည်နှင့် မြင်ကွင်းမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ဘုန်းးး…..
ပြင်းထန်သောတုန်ခါမှုကြီးတစ်ခုကြောင့် ယီယွမ်က ချက်ချင်းပင် လွင့်စင်သွားခဲ့၏။
ဒီမွန်းအသွင်ပြောင်းပြီးနောက် ဝံပုလွေဖန့်၏ အမြန်နှုန်းက အလွန်မြင့်တက်လာခဲ့သည်။
ယီယွမ်မှလွဲ၍ မည်သူကမှ ဝံပုလွေဖန့်၏ ဦးတည်ရာနှင့် အမြီးကိုပင် မြင်တွေ့နိုင်ခြင်း မရှိခဲ့ပေ။"အား… အစ်ကိုကြီးယီယွမ်….." ယွီရှုက ဤမြင်ကွင်းကိုမြင်သော် အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့ကာ ယီယွမ်ဆီသို့ ပြေးသွားခဲ့ပေ၏။
ဝှစ်…..
လေသံတစ်ချက်ကိုသာ ကြားလိုက်ရပြီး ဝံပုလွေဖန့်က ယွီရှုထံသို့ ဦးတည်တိုက်ခိုက်လိုက်သည်။
သို့သော် ဤအချိန်၌ မည်သူကမှ အချိန်မီတုံ့ပြန်နိုင်ခြင်းမရှိခဲ့ပေ။
သို့သော် ထိုအထဲ၌ ယီယွမ်မပါဝင်ပေ။
ဘုန်းးး…..
ယီယွမ်က မည်သို့လှုပ်ရှားလိုက်သည်ကို တစ်ယောက်မှ မမြင်လိုက်ရဘဲ ယီယွမ်က ယွီရှုကိုကာကွယ်၍ နှစ်ယောက်စလုံး အဝေးသို့လွင့်စင်သွားသည်ကိုသာ မြင်တွေ့ခဲ့ရ၏။
"စောစောက ဘာဖြစ်သွားတာလဲ… အဲဒီကောင်လေးက ဒဏ်ရာရသွားတာ မဟုတ်ဘူးလား… သူက မြေခွေးငယ်လေးကို ဘယ်လိုကယ်ဆယ်လိုက်တာလဲ….."
"မပြောတတ်ဘူး… အဲဒါကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး… သူတို့နှစ်ယောက်ရဲ့ အမြန်နှုန်းက တော်တော်မြန်လွန်းတယ်….."
"တော်တော်ကြောက်စရာကောင်းတယ်… ဝံပုလွေဖန့်က ဒီမွန်းအသွင်ပြောင်းပြီးတဲ့အခါ မြန်နှုန်းနဲ့ ခွန်အားက နှစ်ဆလောက် ပိုမြင့်မားလာတယ်… ဒီကောင်လေးက အဲဒါကိုတောင် အချိန်မီ တုံ့ပြန်နိုင်တယ်… သူ့နေရာမှာ ငါသာဆိုရင် ဝံပုလွေဖန့်ရဲ့ သိုင်းကွက်တစ်ခုတည်းနဲ့တင် ချက်ချင်းသေသွားရလိမ့်မယ်….."
KAMU SEDANG MEMBACA
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasi(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...