ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(47)
Chapter-9
(စိတ်အေးအေးထားပြီး လုပ်ဆောင်ပါ)
"မင်းက လင်ယွင်ကိုခေါ်ပြီး သူ့ရဲ့ဒဏ်ရာတွေကို ကုသပေးလိုက်… ဒီနေရာကို ငါ့ဆီထားရစ်ခဲ့….." ရှန့်ကွမ်ယွင်ရုံက အေးအေးဆေးဆေး ပြောဆိုခဲ့သည်။
တင်းရှန်းက သူ့ကိုယ်သူ သေလူအဖြစ် သတ်မှတ်ထားခဲ့ပြီးဖြစ်၏။ အခြေအနေက ပြောင်းလဲသွားခဲ့မည်ဟူ၍ မည်သူက သိထားခဲ့မည်နည်း။ ရှန့်ကွမ်ယွင်ရုံက နောက်ဆုံးအချိန်၌ ရောက်ရှိလာခဲ့ပြီး သူ၏အသက်ကို ကယ်ဆယ်ခဲ့ပေသည်။
သူက ယီယွမ်ကို ပျော်ရမလို ဝမ်းနည်းရမလို စိတ်ရှုပ်နေသောအကြည့်ဖြင့် ကြည့်နေခဲ့၏။
ပျော်ရွှင်သည်က အရှင်ယွင်ရုံ ကိုယ်တိုင် ဤကိစ္စကို ကိုင်တွယ်တော့မည်ဖြစ်ရာ ယီယွမ်က သေချာပေါက် သေဆုံးရမည်ဖြစ်သောကြောင့်ပင်။
ဝမ်းနည်းရသည်မှာ ဤမျှအထိ အရည်အချင်းရှိသော ဂျီးနီးယပ် သိုင်းပညာရှင်တစ်ယောက်က ဤနေရာ၌ အဆုံးသတ်သွားရတော့မည်ဖြစ်သည်။ သနားစရာကောင်းလှပေ၏။
"မင်းက ယီယွမ်လား….." ရှန့်ကွမ်ယွင်ရုံက ယီယွမ်ကို အနည်းငယ်စိုက်ကြည့်၍ မေးမြန်းလိုက်သည်။"ခင်ဗျားက ဒီနေရာမှာ ပေါက်ကရတွေ လာပြောနေတာလား….." ယီယွမ်က ပြန်ပြောခဲ့၏။
ရှန့်ကွမ်ယွင်ရုံက စိတ်ထဲမထားခဲ့ဘဲ အသာပြုံး၍ ပြောလိုက်သည်။ "ငါက လင်ယွင်ရဲ့ ဦးလေး ရှန့်ကွမ်ယွင်ရုံပဲ… နောက်ဆုံးတစ်ကြိမ်မှာ ငါက မင်းကို ငြိမ်သက်တိမ်တိုက်အဖွဲ့ကနေ လွတ်သွားခဲ့တယ်… ဒီတစ်ကြိမ်မှာတော့ ငါမင်းကိုတွေ့လိုက်ရပြီ… မင်းက တကယ်ကို ပုံပြင်တွေထဲကနဲ့ အတူတူပဲ… မင်းက ဒီနှစ်တစ်သောင်းအတွင်းမှာ ထွက်ပေါ်လာတဲ့ ပြိုင်ဖက်ကင်းဂျီးနီးယပ် တစ်ယောက်ပဲ… ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်နဲ့ လင်ယွင်ကို သတ်နိုင်တဲ့ခွန်အား ရှိနေခဲ့ပြီ… တကယ်ကို လေးစားလောက်စရာပါပဲ….."
ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ပုဂ္ဂိုလ်များက အခြားသူများအတွက် အထွတ်အထိပ်ပုဂ္ဂိုလ်များ ဖြစ်၏။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...