Chapter 649

1K 115 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(49)

Chapter-10

(ဒီမွန်းအသွင်ပြောင်းခြင်း)

ဝံပုလွေဖန့်၏ မျက်နှာအမူအရာက နက်မှောင်သွားခဲ့ပြီး သူက ယီယွမ်ကိုကြည့်၍ ပြောလိုက်သည်။ "လျှာစွမ်းထက်လိုက်တာ… မင်းက အသက်သေရတယ်ဆိုတာ ဘာမှန်းမသိသေးဘူးပဲ… လျှပ်စီးစွမ်းအင်သစ်သီးတွေကို ပေးစမ်း… ဒါဆိုရင် ငါကမင်းအသက်ကို ချမ်းသာပေးမယ်….."

ယီယွမ်က ပြုံး၍ပြောဆိုခဲ့၏။ "မင်းက တုံးအတယ်ဆိုတာကို လက်မခံချင်သေးဘူးပဲ… အခု ငါမင်းကို မင်းရဲ့အမြုတေ ပေးအပ်ဖို့ ပြောမယ်… မင်းက ငါ့ကို ပေးမှာလား မပေးဘူးလား….."

"ဘယ်လောက်အထိ ထက်မြက်တဲ့လျှာလဲ… မင်းမှာ အစွမ်းရှိတယ်ဆိုရင် ကိုယ့်ဘာသာ ထုတ်ယူလိုက်လေ….." ဝံပုလွေဖန့်က အေးစက်သောအပြုံးဖြင့် ပြောလိုက်သည်။

"ငါက မင်းရဲ့စကားအတိုင်း ပြန်ပြောလိုက်မယ်… မင်းမှာအစွမ်းရှိတယ်ဆိုရင် လျှပ်စီးစွမ်းအင်သစ်သီးတွေကို လာယူလေ….." ယီယွမ်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြောဆိုခဲ့၏။

ဤအချိန်အတွင်း ဝံပုလွေဖန့်က မည်မျှအထိ အစွမ်းထက်သည်ကို မကြာခဏ ကြားနေခဲ့ရ၍ ယီယွမ်က ဝံပုလွေဖန့်၏ အစွမ်းကို စမ်းကြည့်ချင်နေခဲ့သည်။

စောစောက အကွက်ပေါင်းများစွာ ယှဥ်ပြိုင်စမ်းသပ်ကြည့်ရာမှ နှစ်ယောက်စလုံးက တစ်ဖက်လူ၏ ခွန်အားက အားမနည်းသော်လည်း သူက ရှုံးနိမ့်မည်မဟုတ်ဟူ၍ နှစ်ယောက်စလုံး  ခံစားနေခဲ့ရ၏။

ဂျီးနီးယပ်အားလုံးက သူ့ကိုယ်သူ ယုံကြည်မှုနှင့် ဂုဏ်ယူဝံ့ကြွားမှုရှိနေခဲ့သည်။ သူတို့က ထိုမျှလွယ်ကူရန် မည်သည့်အတွက် လိုအပ်မည်နည်း။

သို့သော် ​ဝံပုလွေဖန့်၏ခွန်အားက အမှန်တကယ် အစွမ်းထက်လှသည်။ သူက သူ၏ကိုယ်ပိုင်ခွန်အားဖြင့် နဂါးမျိုးနွယ် ဖိအားကို ဖြတ်တောက်နိုင်ခဲ့၏။ ဤအရာက သာမန်ဒီမွန်းများ မလုပ်နိုင်သောအရာဖြစ်သည်။

ဤဝံပုလွေဖန့်က ဒီဗိုင်းသားရဲ သွေးမျိုးဆက်ကို နိုးထစေခဲ့ပြီးဖြစ်ကြောင်း ယီယွမ်က ခန့်မှန်းသိရှိခဲ့ပြီးဖြစ်၏။ ထိုအရာက အလွန်ဖျော့တော့နေသည့်တိုင် သူ၏ ကျင့်ကြံခြင်းအဆင့်က ယီယွမ်ထက် အများကြီးပိုမြင့်ပေသည်။ ထိုအရာကို အမှီပြု၍ နဂါးမျိုးနွယ်ဖိအားကို တောင့်ခံနိုင်ခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)Where stories live. Discover now