ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(48)
Chapter-6
(မဟာလုပ်ရပ်နှင့် ထွက်ပြေးခြင်း)
တင်းလျန့်ရောက်လာမှုကို ယီယွမ်က အလွန်ထိတ်လန့်သွားပုံ မပေါ်ခဲ့ပေ။
သူက မစိုးရိမ်ခဲ့၍မဟုတ်ဘဲ စိတ်မပူဟန် ပြုလုပ်နေခြင်းဖြစ်သည်။
အကယ်၍ သူက မစိုးရိမ်ခဲ့လျှင် ဤထူးဆန်းသော တားမြစ်သေမင်းနယ်မြေသို့ မည်သည့်အတွက် ဦးတည်ပြေးလွှားလာခဲ့မည်နည်း။
"ဟားဟား… တကယ်ပဲ ရန်သူတွေက လမ်းကျဥ်းကျဥ်းလေးထဲမှာ တွေ့ဆုံကြတာပဲ… ရှန့်ကွမ်ယွင်ရုံရဲ့ ကျိန်စာအမှတ်က တကယ်ပဲ ခင်ဗျားဆီပေးအပ်ခဲ့မယ်လို့ ထင်မထားခဲ့ဘူး….." ယီယွမ်က အလွန်တည်ငြိမ်စွာဖြင့် ပြောဆိုခဲ့ပေ၏။
တင်းလျန့်က ယီယွမ်၏အမူအရာကို မြင်သော် အေးအေးဆေးဆေး ပြောလိုက်သည်။ "မင်းက စိတ်အေးလက်အေး ရှိနေတယ်လို့ ဟန်ဆောင်နေတာလား… မင်းက ဒီတစ်ကြိမ်မှာ ငါ့လက်က လွတ်မြောက်နိူင်ဦးမယ်လို့ ထင်နေတာပေါ့… ဟုတ်လား….."
ယီယွမ်က ပြုံး၍ ပြောဆိုခဲ့၏။ "ကျောက်ထျန်းရင်တောင် ကျုပ်ကိုမဖမ်းနိုင်ဘဲ ကျုပ်ရှေ့မှာ ဒူးထောက်ပြီး သူ့အမှားကို ဝန်ခံခဲ့ရတယ်… ခင်ဗျားလိုအဆင့်လေးနဲ့ ကျုပ်ကို ဖမ်းဆီးချင်တာလား….."တင်းလျန့်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး သူ၏မျက်နှာက ချက်ချင်းပင် ထမင်းအိုးဖင်ကဲ့သို့ နက်မှောင်သွားခဲ့သည်။
ဗဟိုမြို့တော်တိုက်ပွဲတွင် နောက်ဆုံးရလဒ်ကို သိရှိခဲ့ကြသူများမှာ တင်းလျန့်နှင့် ကြယ်တာရာချောက်၏ တပည့်များသာ ဖြစ်ကြသည်။
ထိုတိုက်ပွဲက အရှင်လေအင်ပါယာ၏ မျက်နှာပျက်ရခြင်းသာမဟုတ်ဘဲ ပြင်းထန်သောမုန်တိုင်းကမ္ဘာကြီးမှ သိုင်းပညာရှင်အားလုံး၏ အရှက်ရခြင်းပင်ဖြစ်၏။
မြင့်မြတ်သော လေအင်ပါယာက စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် ငချွတ်ကလေးတစ်ယောက်ကို ဒူးထောက်ခဲ့ရသည်။ ထိုအရာက အလွန်အမင်း စော်ကားခြင်းပင်ဖြစ်၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...