"ဒုန်း!...ဒုန်း!..."
"သူရဖုန်းမြင့်!...အိမ်ကိုမဆောင့်နဲ့လို့ မေမေပြောထားတယ်လေ..."
"အဲ့တာဆို..ဘာလို့သားအတွက်တစ်ခုပဲ ဝယ်ခဲ့သေးလဲ?...အီး...ဟင့်..ဟင့်...ရွှတ်..."
"မေမေ...ငယ်လေးက ဘာဖြစ်တာလဲ?.."
"ဘာဖြစ်ရမှာလဲ?..မကြီးရယ်...
ညည်းဝယ်လာတဲ့ ပူတင်းဘူးကြောင့်ပေါ့..""ဘာဖြစ်လို့လဲ?..မေမေ...
ပူတင်းဘူးက ၆ဘူးဝယ်လာတာလေ...
တစ်ယောက်တစ်ဘူးစီလေ...
အဲ့တာဘာဖြစ်လို့လဲ?...""ဘာဖြစ်ရမှာလဲ?...
သူ့အတွက် ၂ဘူးမဝယ်လာလို့တဲ့...""ဟာ....ဟုတ်သားပဲ...
သမီးလည်း မေ့သွားတယ်...
ငယ်လေး ငိုမနေနဲ့တော့..မကြီးဘူးကို ငယ်လေးယူစားလိုက်...""တကယ်လား..." ဆိုပြီး အပေါ်က အော်မေးတဲ့ ငယ်လေးကြောင့် မကြီးမှာပြုံးမိတယ်...
ဒီကလေးလေးက..အမတွေအလိုလိုက်ထားတာကြောင့် ကလေးဆိုးလေးဆိုးချင်တယ်..
ဘွဲ့ပဲရတော့မယ်..အခုထိ ကလေးတိုင်းပဲ"တကယ်ပါဆို..."
"ပြီးရော..." ဆိုပြီး အောက်ကိုပြေးဆင်းလာတဲ့အသံကိုကြားရတယ်...
"ပေး...၂ဘူးလုံး စားမယ်..ရွှတ်..."
"ဒါ ငိုစရာလား..ငယ်လေးရယ်...
စားချင်တာများ မကြီးကိုလာပြောလည်း ရတာပဲကို...""ဟုတ်..."
"ဟင်....ငယ်လေး...
ငိုထားတာလား..မလတ်ကိုပြော..ဘယ်သူလုပ်တာလဲ?..." ဆိုပြီး အခုမှ ဆေးရုံကနေပြန်လာတဲ့ မလတ်ကပြောလာတယ်..."ဘယ်သူ့မှမလုပ်ဘူး...
သူ့အတွက်ပူတင်းတစ်ဘူးပဲဝယ်လာလို့ ဆိုပြီး ငိုပြီးဂျီကျနေတာ...""သြော်....ဒါလေးများ ငယ်လေးရယ်..ငိုစရာလား...
မလတ်ဘူးစားလိုက်...
မလတ်မစားတော့ဘူး...""ရေး....အဲ့တာဆို သား၃ဘူးလုံးစားလိုက်တော့မယ်နော်...ဟီးဟီး.."
"ဟင်း...မေမေတော့ ဘာမှမပြောချင်တော့ဘူး..
ညည်းတို့အလိုလိုက်တာ ကြည့်လိုက်..
တစ်နေ့တစ်နေ့..ဒီကောင်လေး တော်တော်ဆိုးလာတယ်...""မေမေကလည်း...ငယ်လေးက ကလေးပဲရှိသေးတာကို..ဆိုးပါစေ..."
"ဟုတ်သားပဲ မေမေရယ်...ငယ်လေးက အမတွေပေါ်ဂျီကျတာကလွဲရင် ဆိုးတဲ့ကလေးတစ်ယောက်မဟုတ်ပါဘူး..."
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့