Part-37(Uni)

23.1K 1.7K 54
                                    

"အား!...ဦးရေ....ဗိုက်နာတယ်...အဟင့်..ရွှတ်..."

"ကလေး ခဏလေးပဲသည်းခံနော်...."

"မရတော့ဘူး...နာနေပြီ...ကျွတ်ကျွတ်..ရွှတ်..."

နေ့ခင်းကြီး ကလေးကဗိုက်နာလာတာမို့..ဆေးရုံကိုအမြန်ခေါ်လာလိုက်တယ်..။ မေမေတို့ကိုတော့ လိုအပ်တဲ့ပစ္စည်းတွေယူပြီး အနောက်ကလိုက်လာခဲ့စေသည်..။

"ငယ်လေး...အဆင်ပြေရဲ့လား..."

"မလတ်...သားနာနေပြ်ီ..ကျွတ်ကျွတ်..."

"အေးအေး...ခဏလေးပဲသည်းခံနော်..."

"ကျွတ်ကျွတ်...ဟုတ်..."

"သူဇာ ကျွန်တော်ပါလိုက်ခဲ့လို့ရလား..."

"ဟာ...ကိုနေမင်းကလည်း အပြင်ကနေပဲစောင့်နေပါ..."

"အင်း..."

"ဦး...အ!...နာနေပြီ...
အဖိုးကြီး အပြင်မှာစောင့်နေနော်...ရွှတ်..."

"အင်းအင်း...ရွှတ်..."

မီးဖွားခန်းဝင်မယ့်ကလေးရဲ့နဖူးလေးကိုနမ်းလိုက်ပြီး..အခန်းရှေ့က ခုံမှာထိုင်ပြီး ဘုရားရွတ်နေလိုက်သည်..။ နာကျင်မှုကြောင့် နှုတ်ခမ်းကိုကိုက်ကာ ချွေးတွေပြန်ပြီး မီးဖွားခန်းဝင်သွားတဲ့ကလေးကို အဆုံးထိလိုက်ကြည့်နေမိသည်..။

"နေမင်း...သားငယ်လေး မီးဖွားခန်းထဲဝင်သွားပြီလား..." ဆိုပြီး မေမေက လက်ဆွဲခြင်းကိုကိုင်ကာ ကျွန်တော့်ဆီကိုလျှောက်လာတယ်..။ မေမေနဲ့ဖေဖေပါ ပါလာတယ်..။

"ဟုတ်..မေမေ...
မီးဖွားခန်းထဲဝင်သွားပြီ.."

"အေးအေး...မေမေလည်း ဘုရားစာရွတ်နေမယ်...မင်းတို့လည်း ဘုရားစာရွတ်နေ...."

"ဟုတ်...မေမေ..."

မိနစ်ပိုင်းဆိုတဲ့အချိန်တွေကျော်ဖြတ်လာတာနဲ့အတူ..နေမင်းဧကရာဇ်မှာ စိတ်ပူလွန်းလို့ မီးဖွားခန်းရှေ့မှာ တောင်လျှောက်လိုက် မြောက်လျှောက်လိုက် လျှောက်နေမိသည်..။

"နေမင်းရယ်..ငြိမ်ငြိမ်ထိုင်နေပါ...
မေမေဖြင့် မင်းကိုကြည့်ပြီးမူးနောက်နေပြ်ီ..."

"ဟုတ်..မေမေ..."

မေမေက ထိုင်ခိုင်းတာမို့..ကျွန်တော်လည်း ခုံပေါ်မှာထိုင်နေလိုက်တယ်..။

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now