Part-12(Uni)

33.5K 2.7K 86
                                    

     ဒီနေ့အတွက်တော့..ကျွန်တော်က တက်ကြွတဲ့ကြက်ဖလို ဖြစ်နေပါတယ်..။ ဘာလို့ဆို..ဒီနေ့က ကလေးစာမေးပွဲဖြေတာ နောက်ဆုံးနေ့မို့လို့ပါပဲ..။
မနက်နိုးလာပြီဆိုထဲက ပြင်နေတာ..နေ့လယ်တောင် ရောက်တော့မယ်..။

ကျွန်တော်လည်း..ရေမွှေးနည်းနည်းဆွတ်လိုက်ပြီး..အောက်ကို အမြန်ဆင်းလာခဲ့တယ်..။ အိမ်အောက်ရောက်တော့..မေမေက ထမင်း တခါတည်းစားသွားဆိုလို့..မေမေတို့နဲ့အတူ ထမင်းဝင်စားလိုက်တယ်..။ မြန်မြန်စားပြီး အိမ်ကနေအမြန်ထွက်လာလိုက်တယ်..။

ကျောင်းရောက်တော့..ကလေး စာမေးပွဲဖြေနေတာ မပြီးသေးတာမို့..စောင့်နေကျနေရာမှာ စောင့်လိုက်တယ်..။ တော်တော်ကြာစောင့်နေတဲ့အထိ..ကလေးက ထွက်မလာသေးတာမို့..ကားထဲကနေထွက်လိုက်ပြီး..ရပ်စောင့်နေလိုက်တယ်..။

"ဟဲ့...နင် နေမင်းဧကရာဇ်မလား..."

"ဟို...နင်...နင်က...."

"ငါ ဥမ္မာလေ..
နင်နဲ့မေဂျာအတူတူပဲလေ..."

"သြော်...ဥမ္မာအောင်...
သိပြီ..သိပြီ...ကွင်းမ..."

"နင်ကလည်းဟာ ပြောတော့မယ်..."

"အဟက်...နင်က ဘာလာလုပ်တာလဲ?.."

"ငါ့တူမလေးကို လာကြိုတာ..
နင်ရော ဘယ်သူ့ကိုလာကြိုတာလဲ?.."

"အာ..ငါ့ချစ်သူကို လာကြိုတာ..ဟဲဟဲ..."

"အေးပါ...အေးပါ...
နောက်တစ်ပတ် ငါ့မင်္ဂလာဆောင်ရှိတယ်...
ဖိတ်စာပို့လိုက်မယ်..လာခဲ့နော်..."

"ပို့လိုက် ပို့လိုက်...လာခဲ့မှာပေါ့ဟ..."

"အေးအေး..အဲ့တာဆို ငါသွားပြီနော်..."

"အေးအေး.."

ဥမ္မာထွက်သွားတာနဲ့..ကျွန်တော်ကလေးအလာကို လှည့်ကြည့်နေလိုက်တယ်..။ ရုတ်တရက်ကြီး ကျွန်တော့်နားကိုပြေးလာတဲ့ကောင်လေးတစ်ယောက်...

"ဟူး...ဟို...ဟို...ဦးနေမင်းဧကရာဇ်...
သူရ...သူရဖုန်းမြင့်လေ...ဟူး...."

အနားရောက်မှ သေချာကြည့်မိတာ ကလေးရဲ့သူငယ်ချင်းပဲ...

"အင်းအင်း...သူရဖုန်းမြင့် ဘာဖြစ်လို့လဲ?.."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now