Part-28(Uni)

28.8K 1.9K 51
                                    

    မျက်နှာပေါ်ကျရောက်လာတဲ့နေရောင်ခြည်ကြောင့်..နေမင်းဧကရာဇ် နိုးထလာခဲ့တယ်..။ မဖွင့်ချင်ဖြစ်နေတဲ့မျက်လုံးကိုအသာဖွင့်လိုက်ပြီး..အကြောဆန့်မယ်လုပ်တော့..

"အင်..အင်း.." ဆိုတဲ့ ရင်ခွင်ထဲကောင်လေးရဲ့ အသံလေးကိုကြားတာမို့..ကျွန်တော်လည်း အခုမှ ညကအဖြစ်အပျက်တွေကို မျက်လုံးထဲပြန်မြင်လာပြီး ပြုံးမိတယ်..။
ညက ဒီကလေးလေးကို ကျွန်တော်အပိုင်သိမ်းနိုင်ခဲ့ပြ်ီလေ...။

"အင်းအင်း...ကျွတ်ကျွတ်...ပြန်အိပ်..ပြန်အိပ်.." လို့ ပြောပြီး ကျောကိုပုတ်ပေးလိုက်တယ်..။

ကျောလေးကိုပုတ်ပေးလိုက်တော့..ရင်ခွင်ထဲကကောင်လေးက ပြန်မှိန်းနေတယ်..။ အင်းပေါ့လေ..သူလည်း အိပ်ချင်ရှာမှာပေါ့...
ညက အတော်ပင်ပန်းထားသည်လေ...

ကျွန်တော်လည်း..ကလေးကိုဖက်ထားပြီး ခနလောက်ငြိမ်ပေးနေလိုက်တယ်..။ ကျွန်တော်ဖက်ထားရင်း ရင်ခွင်ထဲကကောင်လေးကိုကြည့်လိုက်တော့..နှုတ်ခမ်းလေးက လှုပ်နေကာ တစ်ခုခုကိုဝါးနေသလိုလုပ်နေတယ်..။ ကြည့်ရတာ..အိပ်မက်ထဲမှာ တစ်ခုခုစားနေတာထင်တယ်..။

ကျွန်တော်လည်း ကြည့်နေရင်းအသဲယားလာတာမို့..လှုပ်နေတဲ့နှုတ်ခမ်းလေးကို စုပ်ယူလိုက်တယ်..။ ကလေးရဲ့နှုတ်ခမ်းက ထိမိပြီးရင်မလွှတ်ချင်တာမို့..ဆက်ပြီးစုပ်ယူနမ်းလိုက်တယ်..။

"အွတ်...အွန်း...အွန်း..."

ကျွန်တော်မထချင်သေးတာမို့..ပြန်မှိန်းနေရင်း နှုတ်ခမ်းကိုနမ်းနေတဲ့ဦးကြောင့် ကျွန်တော်အသက်ရှူမဝဖြစ်လာတာမို့..ဦးရဲ့ရင်ဘက်ကို တွန်းလိုက်တယ်..။ ရင်ဘက်ကိုတွန်းလိုက်မှပဲ နမ်းနေရာကနေလွှတ်ပေးတယ်...။

"ဟူး.......ဟူး......
ဦး သားကိုအသက်ရှူရပ်ပြီးသေစေချင်နေတာလား..."

"မဟုတ်ပါဘူးကွာ..ကလေးက အရမ်းချစ်ဖို့ကောင်းနေလို့..."

"နိုးရင်လည်း ထပါတော့လား...
လူကိုပါအိပ်ရေးပျက်အောင် လာလုပ်နေတယ်.."

"သြော်..သြော်...အခုတော့ ယောက်ျားကိုအပြစ်ပြောနေပြီပေါ့လေ...
ကလေးက ဦးရဲ့လက်မောင်းကိုခေါင်းအုံးထားလို့ ဦးမှာကလေးနိုးသွားမှာစိုလို့..ငြိမ်ငြိမ်လေးနေပေးနေတာကို..."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now