"Ringing....Ringing...."
"ဦး ခဏလွှတ်ဦး...
ဖုန်းလာနေတယ်...လွှတ်ဦး...
ဖုန်းကိုင်လိုက်ဦးမယ်..."ဖုန်းလာနေတာမို့..ဖုန်းလှမ်းကိုင်မလို့ကို မလွှတ်ပေးဘဲ အတင်းဖက်ထားတဲ့ဦးကြောင့်..ဖုန်းကို လှမ်းယူလို့မရဘဲဖြစ်နေသည်..။
"ဟင့်အင်း...ဆက်အိပ်ဦးမယ်..."
"အင်း...ဆက်အိပ်မယ်...
အခု ဖုန်းလေးခဏပဲကိုင်လိုက်မယ်နော်...
ဦးကပြန်အိပ်နေ...""အင်းအင်း..."
အိပ်ချင်မူးတူးဖြစ်နေတဲ့ဦးကို ပြန်အိပ်ဖို့ပြောရင်း..ဖုန်းကိုကောက်ကိုင်လိုက်တယ်..။
"Hello!..."
"Hello!...ယောက်ဖ...
ဟေ့ကောင် မင်းကအိပ်တုန်းပဲရှိသေးတယ်လား...""မအိပ်လို့...ငါက ကနေရမှာလား..."
"မင်းတို့ည ညဉ့်နက်ထင်တယ်...
အခုချိန်ထိအိပ်နေတယ်ဆိုတော့...ဟားဟား..""ေ-ာပဲ ဟေ့ကောင်...
ပြောစရာရှိတာမြန်မြန်ပြော...
ငါပြန်အိပ်ဦးမှာ...""ဟင်း....ဒီမနက်အောင်စာရင်းထွက်တယ်လေကွာ..."
"ဟုတ်လား...
မင်းအောင်တယ်မလား...""ဟမ်...မင်းက မင်းအတွက်စိတ်မပူဘူးလား..."
"ငါအောင်မယ်ဆိုတာ ငါသိတယ်...
မင်းအောင်လားလို့ ငါမေးနေတာ..""အဟက်...ဟုတ်ပါပြီကွာ...
ငါလည်းအောင်တယ်..မင်းလည်းအောင်တယ်..
တော်တော်များများလည်း အောင်ကြပါတယ်...""ဒါပဲမလား....ပြောပြပေး ကျေးဇူးကွာ...
ငါ ပြန်အိပ်လိုက်ဦးမယ်...""နေပါဦးကွာ...ငါတို့ဘွဲ့ရတော့မယ့်အထိမ်းအမှတ်အနေနဲ့ ဒီညသောက်ကြမလို့..မင်းကို လိုက်ခဲ့ဖို့ခေါ်နေတာ..."
"အေး လိုက်မယ်လေ..."
"မင်းဦးကိုတော့ ခေါ်မလာနဲ့တော့...
အကုန်လုံးရှိန်ပြီး မသောက်ရဲဖြစ်နေကြလိမ့်မယ်...""အေးပါကွာ....
အဲ့တာဆို မင်းငါ့ကိုလာခေါ်လေ...""အေးအေး...အဲ့တာဆို ဒါပဲလေ...
မင်းတို့ရဲ့ မနက်ခင်းလေးကိုနှောင့်ယှက်မိသွာရင် sorryပါကွာ...
ဆက်ပြီး ကြည်နူးလိမ့်ပါဦး...
ဒါပဲ..ဒါပဲ..."
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့