မျက်နှာသစ်သွားတိုက်ပြီးတော့..ရေပါတခါတည်းချိုးလိုက်ကာ..အဝတ်အစားလဲပြီး အောက်ကိုဆင်းလာခဲ့တယ်..။ အောက်ရောက်တော့..ဖေဖေနဲ့ဦးလေးသီဟက စကားတွေပြောနေကြတယ်..။ မေမေကတော့ အန်တီသူဇာပြောသမျှကိုသာ..ခေါင်းညိတ်ခေါင်းခါလုပ်နေတယ်..။
ဦးကတော့..ဘာတစ်ခုမှဝင်မပြောဘဲ သူနေနေကျအတိုင်း မမှိတ်မသုန်ထိုင်နေတယ်..။ ကျွန်တော့်ကိုလည်းတွေ့ရော..ပြုံးပြလာတယ်..။
"ငယ်လေး...လာ...ထိုင်..." ဆိုပြီး မကြီးကခေါ်တာမို့..ကျွန်တော်လည်း လွတ်နေတဲ့ဦးရဲ့ဘေးမှာ ဝင်ထိုင်လိုက်တယ်..။ မေမေက တစ်ချက်လှည့်ကြည့်ပြီး..ဘာမှမပြောဘဲ အန်တီသူဇာနဲ့စကားပြန်ပြောနေတယ်..။
"အဟမ်း....ကိုဖုန်းမြင့်တို့ မသီတာတို့ကို ရှေ့မျက်နာနောက်ထားပြီးတော့ပဲ ပြောရတော့မှာပဲ.."
ဦးလေးသီဟက ချောင်းတစ်ချက်ဟန့်ကာ..ပြောချင်တဲ့စကားကို အစချီလိုက်တယ်..
"ကျွန်တော်တို့အခုလာတာကတော့...
အဟင်း...ကျွန်တော့်သား မောင်နေမင်းက...""ကျွန်မသဘောမတူနိုင်ပါဘူး..."
"မေမေ!.." "မသ်ီတာ!..." "မိန်းမ!.."
"ဒီကိစ္စက မဖြစ်နိုင်တာမို့...
ကိုသီဟတို့မသူဇာတ်ို့ကို ကျွန်မတောင်းပန်ပါတယ်...""မေမေက သားတို့ကို ဘာလို့သဘောမတူချင်ရတာလဲ?..."
"သူရဖုန်းမြင့်...လူကြီးတွေစကားပြောနေတယ်လေ...တိတ်တိတ်နေစမ်း.."
"ဟွန့်..."
"ဟို...မသီတာ...
ကျွန်မတစ်ခုလောက်တော့ ပြောချင်ပါတယ်...
မသီတာ ဘာလို့ကလေးတွေကိုသဘောမတူချင်ရတာလဲကျွန်မမသိပေမဲ့...
ကလေးတွေပျော်ရွှင်ဖို့အတွက် ကျွန်မတို့ခွင့်ပြုပေးသင့်တယ်လို့ထင်တယ်..""ဟုတ်ပါတယ် မိန်းမရယ်...
ကလေးတွေမှာလည်းလွတ်လပ်စွာချစ်ပိုင်ခွင့်ရှိတယ်လေ...
ခွင့်ပြုပေးလိုက်ပါ မိန်းမရယ်...""အို....ရှင်တို့မသိပါဘူး...
ပတ်ဝန်းကျင်ကပြောလာမဲ့ ဝေဖန်ကဲ့ရဲ့သံတွေကိုကျ ရှင်တို့ထည့်မစဉ်းစားတော့ဘူးလား...
ကျွန်မသားကို သူများတံထွေးခွက်ထဲမှာ ပက်လက်မျောစေချင်ရမှာလား..."
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့