"ကလေး လွမ်းနေမယ်နော်..."
"အပိုတွေ..အခုလေးတင် တွေ့ပြီးပြန်လာတာလေ..."
"မသိဘူးကွာ မသိဘူး...
ကလေးမတွေ့ရတဲ့အချိန်က ကိုယ့်အတွက်လွမ်းစရာပဲ...""ပြောလို့ပြီးပြီလား...ပြီးရင်လည်း သွားတော့မယ်လေ...မှောင်နေပြီ..."
ကားကို အိမ်ရှေ့နားမှာရပ်ထားပြီး..အိမ်ထဲဝင်ဖို့ကို မဝင်စေ့ဘဲ ကျွန်တော့်ကိုဖက်ထားတဲ့ ဦး..
အိမ်ကိုလိုက်ပို့ပေးတဲ့နေ့တိုင်း ဒီလိုအမြဲလုပ်နေကျ..."နေပါဦး...ဘာလို့လောနေတာလဲ?...
အိမ်ပဲ ဘယ်ချိန်ချိန်ဝင်ဝင် ဝင်လို့ရနေတာပဲကို...
ကိုယ်က သန်ဘက်ခါဆို ဦးဇင်းဝတ်ရတော့မယ်..
မနက်ဖြန်ကျရင်လည်း မေမေတို့ကိုဝိုင်းကူရမှာနဲ့တွေ့ရမှာမဟုတ်တော့ဘူး...ဟူး..........""ဦးကလည်း...ဖုန်းဆက်လိုက်ပေါ့..."
"ဖုန်းဆက်တာက အသံပဲကြားရတာ...
ရုပ်မှမမြင်ရတာကို...""အဲ့တာဆို...vedio call ခေါ်လေ.."
"ဟင့်အင်း...ကိုယ်က ဖက်ထားချင်တာ..."
"ဦး!...အိမ်ထဲဝင်ခါနီးတိုင်း တစ်ခုမဟုတ်တစ်ခုနဲ့ အချိန်ုကြာအောင်လုပ်တယ်...
ချွဲတယ်လို့ပြောရအောင်လည်း ဦးက သားထက်အကြီး...ဟူး........""ဒါကတော့..ကိုယ်ကပိုချစ်တာကို..."
"ဦး အဲ့လိုမပြောနဲ့နော်...
သားက ပိုချစ်တာ...""အဟက်...ဟုတ်ပါပြီ...
ကလေးက ဦးကိုပိုချစ်တာ...""အင်း..."
"ကလေး...ဦးတို့လက်ထပ်ကြမလား..."
ချက်ချင်းကြီး လက်ထပ်ကြမလားဆိုပြီး ထပြောလာတဲ့ဦးကြောင့်..ကျွန်တော်အလန့်တကြား ဖြစ်မိတယ်..
"ဟမ်....."
"ဘာလို့အဲ့လောက်တောင်လန့်နေရတာလဲ?...
ဘာလဲ?..ကလေးက ဦးကိုလက်ထပ်ဖို့ထိမရည်ရွယ်ထားဘူးလား...
ဦးကို အပျော်ကြံတာလား...""မဟုတ်ပါဘူး...ချက်ချင်းကြီးလက်ထပ်မယ်ဆိုတော့ မထင်ထားလို့...
ပြီးတော့..သားက ငယ်သေးတယ်လေ...""အဲ့လိုငယ်သေးတာကြောင့်ပေါ့လို့...
ဦးစိတ်မချဘူး...
ကလေးက ငယ်သေးပေမဲ့..ဦးကတဖြည်းဖြည်းအသက်ကြီးလာမှာလေ..."
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့