Part-44(Uni)

21.2K 1.5K 42
                                    

"ပါပါး အဲ့လုံး...အဲ့လုံး..."

"ဟာ...သားသားကလည်း ၂လုံးရနေပြီလေကွာ..တော်ပြီပေါ့...
မင်းဖေဖေပြန်လာတော့မှာ...
မိရင်၂ယောက်လုံးအဆူခံရမှာ..."

"ဟင့်အင်း...ဟင့်အင်း...
အဲ့တစ်လုံးခူးပေးဦး..."

"ကျစ်...ငါတော့ ငယ်ငယ်ကမွှေခံသမျှ ပြန်ခံနေရတာပဲ...ဟွန်း..."

"ပါပါးမခူးပေးရင် ဒီ၂လုံး မစားရဘူး...
သားသားပဲစားမှာ..."

"အောင်မာ...ငါခူးပေးထားတဲ့၂လုံးကိုများ...
ဒီတစ်လုံးခူးပြီးရင် တော်ပြီနော်...
မင်းဖေဖေလာရင် ပါပါးကိုဆူလိမ့်မယ်..."

"ဟုတ်...ဒီတစ်လုံးရရင် မအေးကိုငရုတ်သီးဆား သွားလုပ်ခိုင်းမယ်.."

"အေးအေး...ပြီးကျရင် အတူတူမယ်နော်..."

"ဟုတ်...."

သူရဖုန်းမြင့်လည်း သားသားကိုပြောပြီးတာနဲ့..မာကလာကိုင်းသေးသေးလေးဆီ ခြေလှမ်းလိုက်တယ်..။ မာလကာပင်က ကိုင်းတွေဖြာထွက်နေကာ..ဂွဆုံမှာ ကားရပ်နေရာကနေ..မာလကာသီးအကြ်ီးကြ်ီးသီးနေတဲ့ ကိုင်းဆီခြေလှမ်းလိုက်သည်..။

"သားသား...မင်းအလုံးကို ပါပါးမမှီဘူးကွ...
ကိုင်းကကြိုးတော့မယ်..."

"ပါပါးကလည်း..ရှေ့လေး နည်းနည်းတိုးလိုက်..."

"အေးအေး..."

သူရဖုန်းမြင့်လည်း သားသားပြောတဲ့အတိုင်း..အရှေ့ကိုလှမ်းလိုက်တာ..ကိုင်းက ကျွတ်ခနဲ မြည်သံနဲ့အတူ သူရဖုန်းမြင့်လည်း အောက်ကိုပြုတ်ကျသွားသည်..။

"အံမယ်လေး..."   "ပါပါး..."

ညကအရှိန်နဲ့ဆို ပြုတ်ကျလိုက်ရင်တော့..ငါ့ရဲ့တင်ပါးတော့ သွားပါပြီ လို့တွေပြီးဟမျက်လုံးလည်းဖွင့်ကြည့်လိုက်ရော..

"အံမယ်လေး...ဥ..."

"ဘာမှမဥဘူး...
ပြော...အပင်ပေါ်ဘာတက်လုပ်တာလဲ?..."

"သားသားလေ...သားသား...
ဟင်...ဘယ်ရောက်သွားတာလဲ?..."

အရေးထဲကို ဖုန်းမြင့်အသေးစားက ထွက်ပြေးပြီ...တော်တော်ကောင်းတဲ့သား...

"ရှာမနေနဲ့ ဦးကိုတွေ့တာနဲ့ပြေးပြီ..."

"တော်တော်အားကိုးရတဲ့သား...
လာမှ ထိပ်ကိုခေါက်ပြစ်ဦးမယ်..."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now