Part-18(Uni)

29.1K 2.3K 27
                                    

Ringing...Ringing...

ဆိုင်ကိုမလာတဲ့ရက်ကလည်းကြာနေပြီမို့..ဒီနေ့တော့ လာလိုက်မည်ဟုတွေးကာ ဆိုင်ကိုလာလိုက်တယ်..။ ကလေးကနေမကောင်းသေးတာမို့..လာဖို့တော့မခေါ်တော့ဘူး..။

ဝန်ထမ်းတွေကိုလိုအပ်တာတွေမှာပြီးတော့..ကျွန်တော့်ရဲ့သီးသန့်အခန်းထဲမှာထိုင်နေရင်း...ဖုန်းဝင်လာတာမို့ကြည့်လိုက်တော့..ကလေးရဲ့ဖုန်းနံပါတ်ဖြစ်နေတာမို့ အမြန်ကောက်ကိုင်လိုက်တယ်..။

"Hello!.."

"Hello!..ကလေး...နေကောင်းသွားပြီလား..."

"ဟုတ်...အဖျားပျောက်သွားပြီ..."

"အင်းအင်း...ဘာစားချင်သေးလဲ?...ဦးဘာလာပို့ပေးရဦးမလဲ?.."

"အင်း....
သင်္ဘောသီးထောင်းစားချင်တယ်..
ကွေ့တီယိုရောပဲ..."

"ဟင်...အဲ့တာတွေနဲ့ ကလေးကတည့်ရောတည့်ရဲ့လား..."

"တည့်ပါတယ်...ခံတွင်းပျက်နေလို့ ချဉ်ချဉ်စပ်စပ်လေးပဲစားချင်နေတာ..."

"ဟင်း...ဟုတ်ပြီ..ဟုတ်ပြီ...
အိမ်ကိုလာပို့ပေးရမှာလား..."

"အင်း...ဦး ဝယ်ပြီးလာပို့ပေးလေ...
မတွေ့ရတာလည်း ၂ရက်ရှိပြီမလား...
ဦးကိုတွေ့ချင်လို့...

"အဟက်...တော်တော်စကားတတ်တယ်...
ခဏစောင့်နေ...ဦး ဝယ်ပြီးချက်ချင်းလာခဲ့မယ်.."

"ဟုတ် ဟုတ်...
အဲ့တာကြောင့်..ဦးကိုချစ်နေရတာ...
မြန်မြန်လာခဲ့နော်...
ဦးဝယ်လာတဲ့သင်္ဘောသီးထောင်းစားချင်နေလွန်းလို့တော့မဟုတ်ဘူး...ဦးကိုအာဘွားပေးချင်လို့....မွ..." ဆိုပြီး ပြောကာ ဖုန်းချသွားတဲ့ကလေးကြောင့် ကျွန်တော့်မှာပြုံးဖြီးပြီး ကျန်နေခဲ့ရတယ်..။

'မွ ´ဆိုတဲ့ အသံကြားရုံနဲ့တင်..ဒီကလူကြ်ီးရဲ့ ရင်ဘက်ထဲမှာ အကောင်ပေါင်းစုံက ခုန်ပေါက်နေလေပြီ..။
အတော်ဆိုးတဲ့ကလေးလေး...

......................

   ကလေးစားနေကျဆိုင်မှာပဲ သင်္ဘောသီးထောင်နဲ့ကွေ့တီယ်ိုကိုဝယ်လိုက်ပြီး..ကလေးတို့အိမ်ကို မောင်းနှင်လိုက်တယ်..။ ကလေးတို့ခြံနားရောက်တော့ မလှမ်းမကမ်းနားမှာကားကိုရပ်လိုက်ပြီး..ကလေးဆီကို ဖုန်းဆက်လိုက်တယ်..။

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now