"ဟူး........
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ...
ဓမ္မံ သရဏံ ဂစ္ဆာမိ...
သံဃံ သရဏံ ဂစ္ဆာမိ..."ဘုရားစာ ရွတ်လိုက်..ဖုန်းကိုကြည့်လိုက်နဲ့လုပ်နေတာ နေ့ဆွမ်းဘုန်းပေးပြီးတဲ့အချိန်ကနေစပြီးတော့ပဲ..။ အခုချိန်ထိ ဖုန်းခေါ်လို့မရသေးတာကြောင့်..ကျွန်တော့်ရဲ့စိုးရိမ်စိတ်တွေ မြင့်တက်လာတယ်..။ အကြိုနေ့နဲ့အကျနေ့ကတော့..သူအပြင်မထွက်ပါဘူးဆိုပြီး လှမ်းပြောတယ်..။
ဖြစ်တာကတော့..ဒီနေ့ အကြတ်နေ့ပဲ...
ဖုန်းခေါ်နေတာကို မကိုင်ဘူး..စိတ်ပူလွန်းလို့ အိမ်သာလိုက်သွားလိုက်ချင်တော့တယ်..။ သင်္ကန်းဝတ်လျက်နဲ့မို့သာ သွားချင်နေတဲ့စိတ်ကိုဖျောက်ပြစ်လိုက်ရတယ်..။Ringing...Ringing...
ဖုန်းကိုကြည့်နေရင်း..ဖုန်းဝင်လာတာမို့..ချက်ချင်းကိုင်လိုက်တယ်..။ ဖုန်းဝင်လာတဲ့သူကတော့...
"Hello!..ဘာလို့အခုမှ ပြန်ခေါ်တာလဲ?..
ဟင်း....""ဦး...ဦးဇင်း တပည့်တော်ဝေလင်းအတင်းလာခေါ်လို့ သင်္ကြန်လိုက်လည်နေတာပါဘုရား..."
"ဘာ!!!..."
"စိတ်မပူပါနဲ့ဘုရား...
တပည့်တော် အိမ်ပြန်တော့မှာပါဘုရား...""ဟေ့ကောင်...သူရ လာလေကွာ...
ကားပေါ်တက်တော့မယ်..." ဆိုပြီးအနောက်က ကောင်လေးရဲ့ခေါ်သံကိုတော့ ကြားနေရတယ်..."တပည့်တော် ကားပေါ်တက်တော့မှာမို့ ဖုန်းချလိုက်တော့မယ်နော်...
ဘာမှစိတ်မပူနဲ့နော်...ရွှတ်..""ဟေ့...ဟေ့..မချနဲ့ဦးလေ...
ဟာ...ပြောချင်ရာပြောပြီး ဖုန်းချသွားပြီ...
ကျစ်....."နှာရှုပ်သံလည်းကြားရလိုက်ရတာမို့..ကျစ်...ရေတွေဘယ်လောက်တောင် အစိုခံထားရလဲမသိဘူး...
တမင် ကိုယ့်ကိုစိတ်ပူအောင်လုပ်နေတာလားကွာ...ဟူး......."ဦးဇင်းနေမင်း...ဦးဇင်းနေမင်း.." ဆိုပြီး အပြင်ကခေါ်သံကြားတာမို့..
"ကိုရင်ဝင်ခဲ့လေ..."
"တင်ပါ့...
ဘုန်းဘုန်း ခေါ်ခိုင်းလိုက်လို့ပါ ဦးဇင်းနေမင်း...""ကိုရင် အရှေ့ကသွားနှင့်နော်...
တပည့်တော် နောက်ကလိုက်ခဲ့မယ်..."
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့