Part-14(Uni)

30.9K 2.4K 34
                                    

"နေမင်း...သား ဒီနှစ်သင်္ကြန် ဦးဇင်းဝတ်မယ်မလား...
မေမေ မနေ့က ဘုန်းဘုန်းကိုလျှောက်ခဲ့တယ်.."

"ဗျာ..."

"ဟုတ်တယ်လေ...မင်းဝတ်နေကျဆိုတော့ မေမေလည်းဝတ်မယ်ဆိုပြီးလျှောက်လာခဲ့တယ်...
ဘာလဲ မင်းကမဝတ်ချင်ဘူးလား..."

မေမေနော် မေမေ..လျှောက်ပြီးမှတော့ မဝတ်ချင်လို့ဘယ်ရတော့ပါ့မလဲ?...
ဒီနှစ်သင်္ကြန် ကလေးနဲ့လျှောက်လည်မယ်လို့တွေးထားခဲ့တာ...
အခုတော့ သာသနာ့ဘောင်ဝင်ပြီး တရားအားထုတ်ရတော့မှာပေါ့...

"မဟုတ်ပါဘူး မေမေရယ်...
ကျွန်တော် ဦးဇင်းဝတ်မှာပါ..."

"အေးအေး...ပြီးတာပဲ...
ဖေကြီးရော ဝတ်မှာလား..."

"ကိုယ်ကတော့ ဘုန်းကြီးကျောင်းသွားပြီး သီလပဲယူတော့မယ်...
ကိုယ်ပါဝတ်လိုက်ရင် မိန်းမတစ်ယောက်ပဲကျန်နေခဲ့တော့မှာပေါ့..."

"ရှင်ကတော့ ပြောတော့မယ်...
အိမ်မှာမအေးတို့လည်းရှိတာပဲ...ဝတ်ချင်ဝတ်ပေါ့..."

"ဟို...ကိုယ်က ရပ်ကွက်ထဲမှာလူကြီးလေ..
ရပ်ကွက်ထဲကကိစ္စတစ်ခုခုဖြစ်တယ်ဆို ဥက္ကဋ္ဌနဲ့အတူကိုယ်ပါရှိနေရမှာလေ...
အဲ့..အဲ့တာကြောင့်မို့လေ..."

"တော်ပါ...ကျွန်မမသိဘူးလို့ထင်နေတာလား...
ရှင် ဘုန်းဘုန်းဆူမှာကြောက်လို့မဟုတ်လား..."

"မ..မဟုတ်ပါဘူး မိန်းမရာ..."

"အပိုတွေ...ရှင့်အကြောင်း ကျွန်မမသိဘူးဆိုတော့...
ဘုန်းဘုန်းက ရှင့်ကိုဘုန်းကြီးကျောင်းလာခဲ့ဖို့တောင် မိန့်လိုက်သေးတယ်..."

"သွားလိုက်ပါမယ်ကွာ..."

"ပြီးတာပဲ...
အဲ့တာဆို..နေမင်း မေမေ ပြင်ထားစရာရှိတာပြင်ထားတော့မယ်..."

"ဟုတ်...မေမေ..."

ကျွန်တော် ဦးဇင်းဝတ်မယ့်ဘုန်းကြီးကျောင်းက..မေမေ့အကို ကျွန်တော့်ရဲ့ဦးလေးကျောင်းဖြစ်တာကြောင့်..ကျွန်တော့်အတွက် အစဉ်မပြေစရာတော့မရှိပါဘူး..။ နှစ်တိုင်းလည်း ဝတ်နေကျဖြစ်သည်..။

ဒီနှစ်ကိုတော့ မဝတ်တော့ဘူးလို့ စဉ်းစားထားပေမဲ့..မေမေက ဘုန်းဘုန်းကိုလျှောက်ခဲ့ပြီးပြီဆိုတော့..ကျွန်တော်က မဝတ်တော့ဘူးလို့ငြင်းလိုက်ရင် ဘုန်းဘုန်းကဆူတော့မှာ..
ဖေဖေတောင် ဘုန်းဘုန်းဆူမှာကိုကြောက်လို့..ဦးဇင်းတောင်မဝတ်ရဲသည်အထိ...

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now