Part-29(Uni)

26K 1.8K 39
                                    

"ကလေး...ဒီထဲမှာပဲနေနော်...
အပြင်ကိုထွက်မလာနဲ့...
ဦး ပြီးတာနဲ့ပြန်လာခဲ့မယ်..."

"ဟုတ်..."

"ထွက်မလာနဲ့နော်..."

"အင်းပါဆို..."

"အင်းအင်း..အဲ့တာဆို ဦးသွားပြီနော်..."

"ဟုတ်..."

နေမင်းဧကရာဇ်လည်း..မှာစရာရှိတာမှာပြီး အခန်းထဲကနေထွက်လာလိုက်တယ်..။ ဆိုင်က လူအရမ်းကျနေလို့ နေမင်းဧကရာဇ်ကိုယ်တိုင်ဝင်ကူရမှာဖြစ်တာကြောင့်..သူရဖုန်းမြင့်ကို အထဲမှာနေစေပြီး အပြင်ကိုထွက်လာခြင်းဖြစ်သည်..။ သူရဖုန်းမြင့်ကို ဝိုင်းမကူစေချင်တဲ့အကြောင်းကတော့..ဆိုင်ကိုလာတဲ့ တချို့ကောင်လေးတွေကောင်မလေးတွေက သူရဖုန်းမြင့်ဆီက ဖုန်းနံပါတ်တွေ facebook accountတွေ လာလာတောင်းနေခြင်းကြောင့်ဖြစ်သည်..။

သူရဖုန်းမြင့်ကလည်း..စားပွဲထိုးအဖြစ်ဝိုင်းကူလုပ်ပေးပါတယ်..။ ဒါပေမဲ့..နေမင်းဧကရာဇ်ကိုယ်တိုင်ကိုက မလုပ်ခိုင်းတာကြောင့်..သူရဖုန်းမြင့်လည်း ဘာမှဝိုင်းမလုပ်ဘဲ အခန်းထဲမှာသာ..အေးအေးဆေးဆေး ဂိမ်းဆော့နေတာပေါ့..။

နေမင်းဧကရာဇ် အပြင်ကိုထွက်သွားတာကြာပြီမို့..သူရဖုန်းမြင့်လည်း ဝိုင်းကူလုပ်ပေးမယ်ဆိုပြီး ဦးရှိရာအပြင်ကိုထွက်လာလိုက်တယ်..။

"ဦး...သား ဝိုင်းလုပ်ပေးရမလား.."

"ဟာ...ကလေး ဘာလို့ထွက်လာတာလဲ?...
ထွက်မလာပါနဲ့ဆိုတာကို..."

"ဦးမှ ပြန်မလာသေးတာ...
တစ်ယောက်ထဲပျင်းတာပေါ့လို့..."

"ဟင်း.....အဲ့တာဆိုလည်း ဦးရဲ့ဘေးနားမှာပဲနေပြီးတော့ ဦးကော်ဖီဖျော်တာကိုလိုက်ကြည့်နေ..."

"ဟုတ်..."

ဦးပြောသလို ဦးကော်ဖီဖျော်နေတာကို..ဘေးကနေရပ်ကြည့်နေလိုက်တယ်..။ ရပ်ကြည့်နေရင်း..အိပ်တောင်အိပ်ချင်လာတယ်..။

"စုထက်...ရပြီ လာယူလိုက်တော့..."

"ဟုတ်ကဲ့...သူဋ္ဌေး.." ဆိုပြီး အမစုထက်က ကော်ဖီခွက်လာယူတယ်..။

"ကျန်သေးလား...စုထက်..."

"မကျန်တော့ဘူး သူဋ္ဌေး...
လူလည်း နည်းနည်းပါးသွားပြီ..."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now