"ကျွတ် ကျွတ်...အင်း...လွှတ်...
လွှတ်ပေးလို့..."မနက်မိုးလင်းလာတာမို့..ထချင်နေတဲ့ကလေးကို မလွှတ်ပေးဘဲ အတင်းတိုးဖက်ထားလိုက်တော့...ကျွန်တော်ရင်ဘက်ကိုတွန်းလွှတ်နေတယ်..။
"ဦးနေမင်းဧကရာဇ် လွှတ်ပေးဆို...
လွှတ်လို့...""ဟင့်အင်း...."
"ဟာ...ဦးနေမင်းဧကရာဇ် အိပ်ချင်ယောင်ဆောင်မနေနဲ့နော်...
လွှတ်ပေးလို့...""ဟင့်အင်း...ကလေး ဦးကို စိတ်ဆိုးပြေတယ်ပြောမှ လွှတ်ပေးမှာ..."
"ဟွန်း....ဟွန်း....
မလွှတ်ပေးဘူးပေါ့လေ...ရတယ်...""အ!...အား!!...
ခွေးပေါက်လေး..."မပြောမဆိုနဲ့..ရင်ဘက်ကိုကိုက်ချလာတဲ့ကလေးကြောင့်..အယောင်ယောင်အနနနဲ့ လွှတ်ပေးလိုက်မိတယ်..။
"အဲ့တာ ဖက်ထားချင်းဦး...
လူက ရှူးပေါက်ချင်နေပါတယ်ဆိုမှ...
အတင်းလာဖက်နေတယ်..ရှူးထွက်ကျလို့ကတော့ ကိုယ့်ဘာသာလျှော်..." ဆိုပြီး နှုတ်ခမ်းထော်ထော်နဲ့ကျွန်တော့်ကိုပြန်ပြောကာ..ရေချိုးခန်းထဲကိုဝင်သွားတယ်..။"အဟက်...ဘယ်လိုလေးမှန်းကိုမသိဘူး..."
အင်္ကျီကိုလှန်ကြည့်လိုက်တော့..ရင်ဘက်မှာ သွားရာအကွင်းလိုက်ကြီး ကိုတွေ့ရတယ်..။ အချစ်ရဲ့အမှတ်အသားပေမို့..ကျွန်တော်သဘောကျမိပါတယ်..။
..................
"ကလေး...အမေတို့အိမ်ရောက်ရင် အိမ်ပြန်နေမယ်တို့ ဘာညာမပြောနဲ့နော်..."
"မသိဘူး..."
"ဟာ...ကလေးကလည်း...
လိမ္မာပါတယ်...
သည်းငယ်လေးကလည်း ဘာမှမပြောပါနဲ့...နော်လို့...""ဦးနေမင်းဧကရာဇ်...ပြောလို့မပြီးသေးဘူးလား.."
"ကလေးကလည်း..အဲ့လိုကြီးမခေါ်ပါနဲ့...
ဦးတောင်းပန်ပါတယ် သည်းငယ်လေးရာ...
နောက်တစ်ခါမအော်တော့ဘူးလေနော်..နော်လို့...
သည်းငယ်လေး စားချင်တာတွေလည်းဝယ်ကျွေးမယ်လေနော်...
လိုချင်တာလည်း လိုက်ဝယ်ပေးမယ်လေ...""ဦး!...ပြောပြန်ပြီလား...
ကျွန်တော့်ကို မုန့်နဲ့မနှစ်သိမ့်နဲ့လို့ပြောထားတယ်လေ..."
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့