Part-35(Uni)

25.1K 1.7K 27
                                    

   အချိန်တွေတဖြည်းဖြည်းကျော်ဖြတ်လာတာနဲ့အတူ..ကလေးရဲ့ဗိုက်ဟာလည်း ပူချင်သလိုလေးရှိလာလေပြီ..။ အရင်က အစားအသောက်အရမ်းမက်တဲ့ကလေးဟာ..အခုချိန်မှာတော့ မနည်းချော့ကျွေးနေရသည်..။

အထဲကသေးသေးလေးကလည်း ကြေးများသလားမမေးနဲ့..ဟိုဟင်းဆိုလည်း အန်..ဒီဟင်းဆိုလည်းအန်...ကလေးမှာ ဘာမှကောင်းကောင်းစားရတယ်လို့ကိုမရှိဘူး..။

အခုလည်း မနက်ကတည်းက ထမင်းကောင်းကောင်းမစားထားမို့..ဆိုင်ရောက်မှသာ မနည်းချော့ကျွေးနေရသည်..။ ဆိုင်ကမသွားလည်းရတဲ့ဟာကို...ကလေးက အိမ်မှာနေရတာပျင်းတယ်ဆိုပြီး ဆိုင်ကိုထွက်လာခြင်းဖြစ်သည်..။

"ကလေး တစ်လုတ်လောက်ဖြစ်ဖြစ်စားလိုက်ပါလား...
ကြက်သားကြော်လေးနဲ့လေ...
စားကြည့်လိုက်ပါလား...
မနက်ကတည်းက ဘာမှမစားရသေးဘူးလေ..."

"ဟင့်အင်း...မစားချင်ဘူး...
အရသာမှ မရှိတာ မစားချင်ဘူး..."

"ဟင်း....အဲ့တာဆို ဘာစားချင်လဲ?...
ဦးသွားဝယ်ပေးမယ်လေ..."

"ဟင့်အင်း...ဘာမှမစားချင်ဘူး...
ခဏနေရင် ဝေလင်းလာလိမ့်မယ်...
မေမေတို့အိမ်က မရမ်းသီးသုတ်ဝင်ယူခဲ့ပါလို့မှာထားတယ်...
သူလာမှပဲစားမယ်..."

"အင်းအင်း...ပြီးရော....
ဝေလင်းလာရင်တော့..ဒီထမင်းကုန်အောင် စားရမယ်နော်..."

"ဟုတ်..."

ပြောပြီးတာနဲ့..ကလေးက ကျွန်တော့်ရင်ခွင်ကိုမှီကာ TVပြန်ကြည့်နေတယ်..။ ဒီလိုအစားအသောက်သိပ်မစားတော့လည်း ရေရှည်အတွက်ကိုစိုးရိမ်မိတယ်..။

"ချလောက်!..." ဆိုတဲ့တံခါးဖွင့်သံနဲ့အတူ..

"ယောက်ဖရေ ငါရောက်ပြီ.." ဆိုပြီး ဝေလင်းကလက်ထဲမှာလည်း ဘူးမျိုးစုံနဲ့ဝင်လာတယ်..။

ဝေလင်းကိုတွေ့တာနဲ့ ကလေးကကျွန်တော့်ရင်ခွင်ထဲကနေထွက်ကာ..ဝေလင်းလက်ထဲက ဘူးကို သွားယူနေတယ်..။

"မင်းကိုပဲစောင့်နေတာ..."

"အန်တီသီတာက တစ်ခုချင်းစီထည့်ပေးနေလို့ကြာနေတာပါကွာ..."

"ဒါက ဘာလေးလဲ?..." ဆိုပြီး ဘူးအဖြူလေးကိုမြှောက်ပြလာတာမို့..

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now