"ဟာ!...မခုန်ပါနဲ့တော့..."
အန်တီသူဇာတို့အိမ်ပြန်လာတဲ့အချိန်ထဲက..ညတုန်းကလည်း အိပ်လို့မပျော်....
နေ့လယ်ရောက်လာတော့လည်း..ဦးရဲ့မျက်နှာကိုမြင်ပြီး ရင်တွေကတလှပ်လှပ်နဲ့..သကြားရည်သောက်လွန်းလို့လည်း..ဆီးချိုဖြစ်တော့မယ်..။"ငါ စိတ်ကယောင်ခြောက်ခြားဖြစ်နေတာလားမသိဘူး..."
ဟူး.......မုန့်သွားဝယ်စားရမယ်...
အဲ့တာဆို ကယောင်ခြောက်ခြားမဖြစ်လောက်တော့ဘူး...သွားမယ်...
မုန့်သွားဝယ်စားမယ် လို့တွေးပြီ...ဘောင်းဘီအိတ်ကပ်ထဲကိုပိုက်ဆံထည့်လိုက်ပြ်ီး..လမ်းထိပ်ကိုထွက်လာခဲ့လိုက်တယ်..လမ်းထိပ်ကမုန့်ဆိုင်မှာ မုန့်ဝင်ဝယ်ပြီး..ဇီးထုပ်တစ်ထုပ်ကိုဖောက်ကာ စားလာလိုက်တယ်..။ အစားစားရတော့ နည်းနည်းပျောက်သွားသလိုပဲ...ဟဲဟဲ...
"သူရ...သူရဖုန်းမြင့်..." ဆိုပြီး အနောက်ကခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့...
ကျွန်တော်တို့အိမ်နားက ကိုကြီးမင်းဇော်ဖြစ်နေတယ်..။"ပြော...ဘာကိစ္စလဲ?.."
"မင်း မကြီးကို စာပေးပေးပါလား..."
"သြော်...." လို့ပဲပြောလိုက်ပြီး..ပြန်လျှောက်လာခဲ့တယ်..။ ကိုကြီးမင်းဇော်ကတော့ ကျွန်တော့်ဘေးနားကနေ ကပ်ပြီး လိုက်လာတယ်..။
"ကိုကြီး..မင်းအတွက် ဘောင်းဘီတိုတစ်ထည်ဝယ်လာတယ်လေ..."
"အဟမ်း...ပြီးရောလေ...
ကျွန်တော်ပေးပေးမယ်..လက်ခံတာလက်မခံတာကတော့ ကျွန်တော်နဲ့မဆိုင်ဘူးနော်...""အေးပါကွာ...ရော့..."
"ဟုတ်...အဲ့တာဆို ကျွန်တော်သွားပြီနော်..."
"အေးအေး.."
ကျွန်တော်လည်း ကိုကြီးမင်းဇော်ကိုနှုတ်ဆက်ကာ..အိမ်ကိုပြန်လာခဲ့တယ်..။ ဘာဖြစ်ဖြစ်..ဘောင်းဘီတစ်ထည် အလကားရတယ်..။ သေချာတာကတော့..မကြီးက ကိုကြီးမင်းဇော်ကိုလုံးဝပြန်ကြိုက်မဟုတ်ဘူး...ဟီးဟီး.....
ကျွန်တော့်ကိုချစ်လို့ပေးတယ်ပဲ သဘောထားလိုင်ပါတော့..ကိုကြီးမင်းဇော်ရေ....*သူရဖုန်းမြင့်မသိလိုက်တာက..ကားတစ်စီးက ရပ်ပြီး သူတို့စကားပြောနေတာကို..ကြည့်နေတယ်ဆိုတာပါပဲ..*
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့