"တော်သေးတာပေါ့...
မေမေက သဘောတူပေးလိုက်လို့...
ဦးနဲ့ဒီလိုတောင်နေလို့ရမှရပါ့မလားလို့တောင် တွေးမိတာ...ဟင်း...." ဆိုပြီး သူရဖုန်းမြင့်က နေမင်းဧကရာဇ်ရဲ့ ရင်ခွင်ထဲကနေ ဆိုလာတယ်..မိဘတွေသဘောတူလိုက်ပြီလို့ပြောလိုက်တဲ့နေ့ထဲကစပြီး..နေမင်းဧကရာဇ်ဟာ သူရဖုန်းမြင့်ကို အိမ်မှာပဲတနေကုန်ခေါ်ထားတတ်ပါတယ်..။
ညနေဘက်မှ ပြန်ပို့ပေးတယ်..။သူရဖုန်းမြင့်ရဲ့မိဘတွေကိုတော့..သူရဖုန်းမြင့်က နေမင်းဧကရာဇ်အိမ်မှာ စာသွားလုပ်မယ်ဆိုပြီးတော့..နေမင်းဧကရာဇ်နဲ့အတူလာနေခြင်းဖြစ်သည်..။ ဝေလင်းက စာအတူလုပ်ချင်တယ်ဆိုရင်တော့..သူရဖုန်းမြင့်ရဲ့အိမ်အစား နေမင်းဧကရာဇ်ရဲ့အိမ်မှာသာ လုပ်ဖြစ်ပါတယ်..။
သူရဖုန်းမြင့် နေမင်းဧကရာဇ်ရဲ့အိမ်မှာသွားသွားနေတာကို..ဒေါ်သီတာတို့စိတ်ချရခြင်းအကြောင်းအရင်းကတော့...နေမင်းဧကရာဇ်ဆီမှာ ကတိတောင်းထားတာကြောင့်ဖြစ်ပါတယ်..။
တောင်းထားတဲ့ကတိကတော့..မင်္ဂလာမဆောင်ရသေးတဲ့အချိန်တောတွင်း နေမင်းဧကရာဇ်နဲ့သူရဖုန်းမြင့်တို့ အတူမအိပ်ပါဘူး ဆိုတဲ့ ကတိပါပဲ..။အတူမအိပ်ပါဘူး ဆိုတဲ့ စကားရဲ့အနက်ကတော့..ဘာဆိုတာ ဒေါ်သီတာပြောလိုက်တာနဲ့တင် နေမင်းဧကရာဇ်တန်းသိပါတယ်..။ နေမင်းဧကရာဇ်ဘက်က လုံးဝကိုတည်နိုင်တဲ့ကတိမို့..ဒေါ်သီတာတို့ပြောခဲ့သမျှကိုလက်ခံပြီး..သူရဖုန်းမြင့်ကိုအခုလို အိမ်မှာ စာကျက်စေလို့ရစေခြင်းဖြစ်ပါသည်..။
"ဦပြောသားပဲ..အချိန်ခဏလောက်ပဲစောင့်ပေးလို့..."
"အံမယ်....ကျွန်တော်ပြောလိုက်လို့သာ မေမေက သဘောတူပေးလိုက်တာပါနော်..."
"ဟားဟား...ဟုတ်လား...
ပြောပုံလေးက...ချစ်လိုက်တာကွာ...ရွှတ်.."ဖတ်ထားတဲ့ရင်ခွင်ထဲကကောင်လေးရဲ့ပါးကို ငုံ့ပြီးနမ်းလိုက်တယ်..။ ဒီကောင်လေးကတော့..တနေ့ တနေ့ လူကိုချစ်မဝအောင်လုပ်နေတယ်...
"သြော်...မေးရဦးမယ်...
ကလေး ဘာလို့ အန်တီသီတာကို အတူအိပ်ပြီးပြီလို့ပြောလိုက်တာလဲ?..."
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့