"ဒေါက်!..ဒေါက်!..." ဆိုပြီး ကားမှန်ခေါက်သံကြားရတာမို့..လှည့်ကြည့်လိုက်တော့ အန်တီသီတာ
"မေမေ..." "အန်တီသီတာ.."
"ဦး ဘယ်လိုလုပ်မလဲ?...
မေမေတွေ့သွားပြီ...""ဘာမှစိတ်မပူနဲ့..ဦးရှိတယ်နော်.."
"ဟုတ်.."
ကလေးကိုသာ စိတ်မပူဖို့ပြောနေတာ..ကျွန်တော်တော့ အရမ်းကိုစိတ်ပူနေပါတယ်..။ အန်တီသီတာမျက်နှာမှလည်း တစ်ခုခုကိုဒေါသထွက်သလိုအမူအရာတွေ ထင်ဟပ်နေပါသည်..။
ကားမှန်ကိုလည်း အောက်ချပေးလိုက်ရော...
"မင်းတို့အဲ့တာဘာလုပ်နေကြတာလဲ?..."
"အန်တီသီတာ..ကျွန်တော်ရှင်းပြ..."
"မောင်နေမင်း မင်းဘာမှမပြောပါနဲ့...
လာခဲ့...သူရဖုန်းမြင့်...
မြန်မြန်အောက်ကိုဆင်းလာခဲ့..""မေမေ..."
"မင်းကို မြန်မြန်ဆင်းလာခဲ့လို့ပြောနေတယ်လေ..."
"ဟုတ်....ဟင့်..." ဆိုပြီး စူစူပုတ်ပူတ်နဲ့ကလေးက အောက်ကိုဆင်းသွားတာမို့..ကျွန်တော်လည်း အနောက်ကနေ ဆင်းလိုက်တယ်..။
"လာခဲ့...မင်းနဲ့အိမ်ရောက်မှ ရှင်းမယ်..."
ဒေါ်သီတာက ပြောလည်းပြော..သူရဖုန်းမြင့်ရဲ့လက်ကိုဆွဲပြီး ဆွဲခေါ်နေတာကြောင့်..နေမင်းဧကရာဇ်မှာ မနေနိုင်တော့ဘဲ..
"အန်တီသီတာ...ကလေးကို အခုလိုအကြမ်းပတမ်းမလုပ်ပါနဲ့..."
"ဘာ!!...ဟင်း....
မင်းတို့၂ယောက်လုံး အနောက်ကနေလိုက်ခဲ့ကြ...""ဟုတ်..."
ဒေါ်သီတာက သူရဖုန်းမြင့်ရဲ့လက်ကိုလွှတ်လိုက်ပြီး..အိမ်ထဲကို အရင်ဝင်သွားတယ်..။
နေမင်းဧကရာဇ်နဲ့သူရဖုန်းမြင့်လည်း ဒေါ်သီတာနဲ့ရှေ့ဆင့်နောက်ဆင့်ဝင်လာလိုက်ပြီး..ဒေါ်သီတာထိုင်နေတဲ့ မျက်နှာချင်းဆိုင်ဆိုဖာမှာ ဝင်ထိုင်လိုက်တယ်...။"မောင်နေမင်းပါလား...ဘာကိစ္စရှိလို့လဲ?.."
ကလေးရဲ့အဖေက ဧည့်ခန်းထဲကိုဝင်လာပြီး..ကျွန်တော့်ကိုတွေ့တော့ မေးလိုက်ခြင်းဖြစ်သည်..။
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့