"တီ!...တီ!...တီ!..." ဆိုတဲ့ အိမ်ရှေ့ကကားဟွန်းတီးသံကိုကြားရတာမို့..အမြန်ပြေးဆင်းလာခဲ့လိုက်တယ်..
"အဲ့တာဘယ်လဲ?...သားငယ်..."
"ဟို...ဟို...ဦးနေနဲ့ဆိုင်လိုက်သွားမလို့..."
"ဦးနေ?...ဘယ်သူလဲ?...."
"ဦးနေမင်းဧကရာဇ်လေ..မေမေရယ်..."
"ဟင်...မောင်နေမင်းလား...
မင်းနဲ့သိနေတာလား...""ဟုတ်...အဲ့တာဆို သားသွားတော့မယ်နော်.."
"ဟဲ့...ဟဲ့...နေပါဦး....
မောင်နေမင်းကို အိမ်ထဲခေါ်လိုက်ဦးလေ...""ဟာ...မေမေကလည်း နောက်ကျနေပါပြီဆိုမှ..
မေမေ့သမက်ကိုနောက်နေ့မှအိမ်ထဲခေါ်...
သားသွားပြီ..." လို့ ပြောလိုက်ပြီး..ခြံရှေ့ကိုအမြန်ပြေးထွက်လာခဲ့တယ်..။ကားတံခါးကိုအမြန်ဖွင့်လိုက်ပြီး..ကားပေါ်ကိငအမြန်တက်လိုက်တယ်..။
"ဟူး......
မောင်းလို့ရပြီ ဦး...""ဖြေးဖြေးလာလည်းရတဲ့ဟာကို...
ဦးက မစောင့်မှာကျလို့...""ဦး မသိပါဘူးဗျာ...
မောင်းစရာရှိတာမောင်းတော့လေ...""ကဲ...ဘာဖြစ်လို့ အဲ့လောက်တောင်လောနေရတာလဲ?..."
"ဟင်း......
ဦးရဲ့မတော်ရသေးတဲ့ယောက္ခမကလေ ဦးကိုအထဲကိုခေါ်ခိုင်းနေတာ...""ဟုတ်လား...အဲ့တာဆို ဝင်မယ်လေ...."
"ရတယ်....သား ဦးနဲ့မလိုက်တော့ဘူး..." ဆိုပြီး ကားပေါ်က ဆင်းတော့မလိုလုပ်နေတာမို့..လက်ကိုမနည်းဖမ်းဆွဲလိုက်ရတယ်...
"စတာ စတာ..သွားမယ်နော်..
ကိုယ်မောင်းပြီနော်..." လို့ ပြောလိုက်မှပဲ..ကျွန်တော့်ကိုမကြည့်ဘဲ အရှေ့ကိုကြည့်ပြီး လိုက်လာတယ်..."ကလေး...ကလေးသူငယ်ချင်းကိုခေါ်ထားသေးလား..."
"........."
"ကလေး...ကလေး ကိုယ်ပြောနေတယ်လေ..
ပြန်မပြောတော့ဘူးလား...""ဟွန့်...ဦး တော်တော်အိမ်ထဲဝင်ချင်တယ်ဟုတ်လား...
ပြော...မေမေ့ကို ဘယ်အမနဲ့ သဘောတူစေချင်အောင် မျက်နှာချိုသွေးမလို့လဲ?..."
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့