"အင်...အင်း...ဟင်း...ဟင်း..."
နေမင်းဧကရာဇ်တစ်ယောက်အိပ်နေရင်း..ဘေးကနေ ညည်းသံလိုလိုကြားရတာမို့..မျက်လုံးကိုဖွင့်ကြည့်လိုက်တော့..ချွေးတွေပြန်ကာ မျက်လုံးမှိတ်ပြီး ညည်းနေတဲ့ကလေးကြောင့် ကျွန်တော့်မျက်လုံးတွေပြူးကျယ်သွားပြီး အိပ်ချင်စိတ်တောင်ပျောက်သွားတယ်..။
"ကလေး...ဘာဖြစ်တာလဲ?..."
"ဟင်း...ဟင်း..."
"ကလေး ဘာဖြစ်နေတာလဲ?...
ကလေး အဆင်ပြေရဲ့လား...""ဦး...နာတယ်...တစ်ကိုယ်လုံးနာတယ်...
အဟင့်...အီး...ဟင့် ဟင့်...ရွှတ်..."ချွေးတွေပြန်ပြီး ငိုနေတဲ့ကလေးကြောင့်..ကျွန်တော့်မှာ ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ..ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိ ဖြစ်နေသည်..။ ကိုယ်ပူလည်းစမ်းလိုက်ရော..ပူကျစ်နေတာကြောင့် ရေသဘက်လဲပေးမယ်လို့ ဆုံးဖြစ်လိုက်တယ်..။
"ခဏလေးနေဦးနော်...
ဦး ရေဇလုံသွားယူလိုက်ဦးမယ်နော်...""အဟင့်...အဟင့်...နာတယ်...ရွှတ်..."
"အင်းအင်း...ခဏလေးနော်..."
ကလေးကိုထားခဲ့ပြီး ရေသဘက်ယူဖို့အိမ်ထဲကိုဝင်လာလိုက်တယ်..။ မေမေ့ကိုလည်း နှိုးပြီးကလေးကိုကြည့်ကြည့်ခိုင်းမယ်လို့တွေးပြီး..မေမေ့ကိုပါ တခါတည်းဝင်နှိုးလိုက်တယ်..။
"ဒေါက်!..ဒေါက်!...
မေမေ!..မေမေ့...""ချလောက်!.."
"နေမင်း ဘာကိစ္စရှိလို့လဲ?...
၄နာရီပဲရှိသေးတာကို...""မေမေ...ကလေး နေမကောင်းဖြစ်နေလို့...
လုပ်ပါဦး မေမေရယ်...""ဟမ်...သားငယ်က ဘယ်လို့ဖြစ်ရတာလဲကွယ်..."
"အခန်းထဲရောက်မှပဲ မေးပါ မေမေရယ်...
အခုခဏလောက် ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ...""အေးအေး...သွားမယ်လေ..."
မေမေနဲ့အတူအခန်းဆီကိုလျှောက်လာလိုက်ပြီး..အခန်းထဲရောက်တော့ မေမေက ကလေးရဲ့နဖူးကိုလက်နဲ့စမ်းကြည့်နေတယ်..။
"ကိုယ်တွေပူကျစ်နေတာပဲ...
ဘယ်လိုဖြစ်ရတာလဲ?..နေမင်းရယ်..."
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့