"ဦး...မပြီးသေးဘူးလား...
ပြင်နေတာအတော်ကြာပြီနော်...""ပြီးပါပြီ ကလေးရယ်...ခဏလေးပဲ..."
"ဘာတွေအဲ့လောက်တောင်ပြင်နေတာလဲ?...
ဘွဲ့ယူရမှာ သားနော်...""ဟုတ်ပါတယ်ဗျာ...ဘွဲ့ယူရမှာ ကလေးပါ...
တစ်နည်းအားဖြင့် ဦးရဲ့ယောက်ျားလေးလေ...""ပြောတတ်တယ်...
ပြီးပြီလား..သွားကြမယ်...
အမေတို့စောင့်နေတယ်...""အင်းအင်း...သွားကြမယ်.."
ဒီနေ့က သူရဖုန်းမြင့်ရဲ့ဘွဲ့ယူဖြစ်တာကြောင့်..ဟိုဘက်မိဘတွေရော ဒီဘက်မိဘတွေရောပါ ပြင်ဆင်ပြီး ဘွဲ့ယူသွားကြမယ်ဖြစ်သည်..။
"ကလေး ဘာမှမကြောက်နဲ့နော်...
ရဲရဲတင်းတင်းသာလျှောက် သိလား...""ဟုတ်..."
"ပြီးတော့ ဗိုက်ကလည်း အဲ့လောက်မပေါ်ပါဘူး..ဘာမှစိုးရိမ်မနေနဲ့...
ကလေးကိုဘယ်သူ့မှ ဘာမှမပြောဘူး သိလား...""ဟုတ်.."
"ပြီးတော့လေ..."
"နေမင်းရေ...မှာလို့မပြီးသေးဘူးလား...
ရောက်ပဲရောက်တော့မယ်..""အမေပဲပြောပါတော့...
ဦးကလေ..အိမ်မှာထဲက မှာလာတာ..
ကျောင်းတောင်ရောက်တော့မယ်ဟာကို...""ဟုတ်ပါ့ကွယ်..နေမင်းရယ် အဲ့လောက်လည်းစိတ်ပူမနေပါနဲ့..သားငယ်လေးလည်း သိမှာပါ.."
"ဟုတ်ကဲ့ပါ..မေမေ..." ဆိုပြီး ကလေးရဲ့လည်ကတုံးအင်္ကျီကိုကြယ်စေ့တပ်ပေးနေရင်း မေမေ့ကို ပြန်ဖြေလိုက်သည်..။
ကျောင်းရောက်တော့လည်း..ကလေးရဲ့မိဘတွေနဲ့တွေ့ကာ..ကလေးက မနက်ပိုင်းယူရမည်ဖြစ်တာကြောင့် ဘွဲ့နှင်းသဘင်ခန်းမထဲကို ရောက်ရောက်ချင်းဝင်လိုက်ကြသည်..။ ဘွဲ့မယူခင်မှာလည်း မှာနေကျအတိုင်း..စိတ်မလှုပ်ဖို့ကိုသာ တတွတ်တွတ်မှာနေရသည်..။
..............................
"ဟူး.....တော်သေးတာပေါ့ ဦးရာ...
သားမှာ ရင်တုန်တုန်နဲ့လျှောက်သွားရတာ...
တော်သေးတယ် မချော်လဲလို့...ဟီးဟီး....""အဟက်...ဦးလည်းအတူတူပါပဲ...
ကလေး ချော်မလဲပါစေနဲ့လို့ဆုတောင်းပြီးကြည့်နေရတာ..."
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့