Part-33(Uni)

25.6K 1.8K 42
                                    

"အင်း..."

"ဟင်...ကလေး...ကလေး...
သက်သာရဲ့လားဟင်..."

     ကလေးမေ့လဲသွားတာမို့..ဆေးရုံကိုခေါ်လာလိုက်ကာ..ဆေးရုံရောက်တဲ့ထိ သတိပြန်မရသေးဘဲ အခုချိန်မှသာ သတိပြန်လာရခြင်းဖြစ်သည်..။

"ကလေး..သက်သာရဲ့လား...
မွန်...ကိုဇော့်ကိုသွားခေါ်ပေးပါဦး..."

"ဟုတ်ကဲ့...ကိုကို..."

ကျစ်...အဲ့တာတွေမကြိုက်တာ..
ခုနကအမျိုးသမီးကိုဒီထိတောင်ခေါ်လာသေးတယ်...
ဦး ခင်ဗျား ဘာဖြစ်ချင်နေတာလဲ?...
ခေါ်ပုံကလည်း ကိုကို ကိုကိုနဲ့ စိတ်တိုလွန်းလို့ ပြန်မဖြေဘဲ ဒီတိုင်းငြိမ်နေလိုက်တယ်..။

"ကလေး...အဆင်ပြေရဲ့လားလို့...
ဦးမေးနေတယ်လေကွာ..."

".........."

"ကျစ်...လူကြီးကမေးရင် ပြန်ဖြေရမယ်လို့ မသင်ထားရဘူးလား...
ဟမ်...သူရဖုန်းမြင့်..."

မေးနေတာကိုပြန်မဖြေဘဲ..ဟိုဘက်လှည့်နေတဲ့သူရဖုန်းမြင့်ကြောင့် နေမင်းဧကရာဇ်မှာ စိတ်မရှည်တော့ဘူး..။

ဘာဖြစ်နေတယ်ဆိုတာကိုမပြောဘဲ တိတ်နေတော့..မေးနေတဲ့လူကပဲ အရူးကြီးလိုလို...

"ကျွန်တော့်ကိုဘာမှလာမပြောနဲ့...
ခင်ဗျားရဲ့အသံကိုကြားလည်းမကြားချင်ဘူး..ပြန်လည်းမဖြေချင်ဘူး...
လာမပြောနဲ့...."

"လူကြီးကို ခင်ဗျား ခင်ဗျားနဲ့....
တော်တော်လေးကိုရိုင်းနေတာပဲ..."

"ဘာ!!...ဟုတ်တယ် ရိုင်းတယ်...
ကျွန်တော်က ရိုင်းစိုင်းတဲ့ကောင်မို့ လာမပတ်သတ်နဲ့...
သွား....အခုချက်ချင်း အခန်းထဲကထွက်သွား.."

"ကလေး!!...ဦးအလိုလိုက်ထားတဲ့ဆိုပြီး တော်တော်လေးကိုဆိုးနေတာပဲ..."

"ဟုတ်တယ်...ဟုတ်တယ်လို့...
အဲ့တော့ ဘာဖြစ်လဲ?...
သွားဆ်ိုသွားဗျာ..."

ထိုအချိန်....

"ကိုကိုဘယ်လိုဖြစ်နေကြတာလဲ?...
ကိုဇော် လာ လာ..."

ခုနကအမျိုးသမီးက ဒေါက်တာကိုဇော်ကိုခေါ်ပြီး အခန်းထဲကိုဝင်လာတယ်..။ ကျွန်တော်လည်း မျက်နှာကိုလွှဲထားလိုက်တယ်..။

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now