Part-40

12.3K 725 28
                                    

"သူရဖုန်းမြင့်...မင်းအိမ်မပြန်ဘူးလား...
ကလေးက ၂နှစ်တောင်မပြည့်သေးဘူးနော်..."

"မပြန်ဘူးဗျာ မပြန်ဘူး...
သားသားက သူ့အဖေရှိတာပဲ..သူ့အဖေနဲ့နေလိမ့်မယ်..."

"ဟဲ့...အဲ့လိုလွယ်လွယ်နဲ့မပြောနဲ့လေ...
ကလေးက မင်းကိုမတွေ့လို့ငိုနေရင်ဘယ်လိုလုပ်မလဲ?..."

"ငိုရင် သူ့အဖေချော့မှာပေါ့..
မေမေစိတ်ပူမနေပါနဲ့...
သားထမင်းလေးတော့ကောင်းကောင်းစားပါရစေ မေမေရာ...
ရောက်ထဲက ပြောနေတာ ခုထိပဲ..."

"မပြောလို့ရမလား...
မင်းက သဘောထားသေးသိမ်ပြီး မောင်နေမင်းအပေါ်ကို ရိုင်းစိုင်းခဲ့တာလေ..."

"သြော်...သားကိုအော်တဲ့မေမေ့သမက်ကကျ ကောင်းတယ်ပေါ့..."

"အဲ့တာကတော့..မင်းက သူ့ဝန်ထမ်းတွေရှေ့မှာ သွားပြောတာကို...
သူကသူဋ္ဌေးလေ...
ဝန်ထမ်းတွေက ငါတို့သူဋ္ဌေးက သူ့ယောကျာ်းတောင်သူမနိုင်တာ ငါတို့ကရောသူဋ္ဌေးကိုဂရုစိုက်စရာမလိုဘူးလို့ တွေးကုန်ကြမှာပေါ့..."

"မသိဘူး...မသိဘူး...
သားကိုအော်တာမကြိုက်ပါဘူးပြောထားတာကို အဲ့လူကြီးကအော်တာကို...
မပြန်ဘူး..ဟွန်း..."

"အေး...ပြီးကျမှ ယောက်ျားလာပြန်ချော့အာမှ ကောက်ကောက်ပါအောင်ပြန်လိုက်သွားကြည့်..."

"မေမေကလည်းဗျာ...ကိုယ့်သားလေးတစ်ခါတစ်လေ အိမ်ပြန်လာတာတာကို...
ဆူနေတာပဲ..."

"မင်းမှားလို့ မေမေက ဆူနေရတာလေ..."

"သား ထမင်းကိုဖြောင့်ဖြောင့်လေးစားချင်တယ်မေမေရေ...
ကျေးဇူးပြုပြီး မဆူပါနဲ့တော့..."

"ဟင်း...ညမိုးချုပ်လို့ ငါ့မြေးငိုပြီးလိုက်ရဲလိုက်လာကြည့်...
မင်းတို့၂ယောက်လုံး မလွယ်ဘူးမှတ်..."

"ဟုတ်ကဲ့ပါ...
ထမင်းစားတော့မယ်နော်...."

"စားစား....သားကျန်နေခဲ့တာတောင် ထမင်းစားဝင်နေတဲ့မင်းကိုတော့ သိပ်အံ့သြတယ်..." ဆိုပြီးပြောလာတဲ့ မေမေ့ရဲ့စကားတွေကိုတော့ ပြန်မပြောတော့ဘဲ မစားရကြာပြီဖြစ်တဲ့မေမေ့ရဲ့လက်ရာ ကြက်သားဟင်းနဲ့စားပြစ်လိုက်သည်..။

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now