"ခလွမ်း.." ဆိုတဲ့အသံနဲ့အတူ ကျသွားတဲ့ ဖန်ခွက်ကိုသာ ငုံ့ကြည့်နေမိတယ်..
"ဟဲ့...သား...နေမင်း...
ဘယ်လိုဖြစ်လို့ သတိလက်လွတ်ဖြစ်နေတာလဲ?..
ဖန်ခွက်တောင် ကွဲကျသွားပြီ...
မအေးရေ...ဒီမှာ ဖန်ကွဲစတွေကိုရှင်းပေးပါဦး..." ဆိုတဲ့ မေမေ့ရဲ့အသံနဲ့အတူ အခုမှသတိပြန်ဝင်လာတယ်..။"ဟီးဟီး...ကျွန်တော် အတွေးလွန်နေလို့...ဟီးဟီး..."
ကလေးနဲ့..ကျန်သေးတဲ့ရက်ပေါင်း၁၃ရက်တောင်မတွေ့ရတော့မှာကိုတွေးရင်း..ထမင်းစားနေတာတောင် စိတ်လွတ်ပြီး ဖန်ခွက်တောင်ကျကွဲမိသည်အထိပင်..။
"မင်းမလည်းနော်...
ဘယ်ကောင်မလေးဆီ စိတ်ရောက်နေတာလဲ?..""ကျွန်တော် ကောင်မလေးတွေနဲ့တွဲသွားတွဲလားလုပ်တာ မြင်ဖူးလို့လားမေမေရယ်..."
"မမြင်ဖူးပါဘူးတော်...
မင်းလို ဇီဇာဧကရာဇ်ကို ဘယ်ကောင်မလေးမှလည်း ကြိုက်မယ်လို့မထင်ပါဘူးတော်...""အိုဟို...မေမေ အဲ့လိုမပြောနဲ့နော်...
သားကျောင်းတက်တုန်းက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်ခဲ့တာနော်...
ကျွန်တော်ကသာ ma ma's boy လုပ်ပြီး တစ်ယောက်မှမထားခဲ့တာနော်...
မေမေအသိဆုံးပါဗျာ...""ဟုတ်ပါတယ်...ဟုတ်ပါတယ်...
အဲ့လို ဇီဇာကြောင်ပြီး တစ်ယောက်မှမထားခဲ့လို့...အခု မအေကရှာပေးနေရတာပေါ့...""မေမေကလည်းဗျာ...
မေမေ အခုရှာပေးနေတာကို..ကျွန်တော်တစ်ယောက်မှမကြိုက်ဘူးနော်..
မေမေ့ကို ကြိုပြောထားပြီးသား...
ကျွန်တော် သူတို့ကို ကိုယ့်အစ်မတွေလိုပဲသဘောထားထားတာ...
ကျွန်တော့်မှာ ကျွန်တော်ချစ်တဲ့သူရှိတယ်..."ဟုတ်တယ်လေ...ကလေးရဲ့အစ်မတွေကို အစ်မတွေလို့သဘောမထားလို့ ဘယ်လိုသဘောထားရမှာလဲ မေမေရယ်...
"ဟင်...မင်းမှာ ချစ်ရမယ့်သူ ရှိနေပြီလား.."
"ဟုတ်...မေမေ..."
"ဘယ်သူလဲ?..မေမေ့ကိုပြောပြပါဦး..."
"မေမေတို့ရှေ့ကို တစ်နေ့ခေါ်လာမှာပါ...
ဟို...အဖြေမပေးရသေးလို့...ဟီးဟီး.."
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့