Part-45(Uni)(Final)

39.9K 1.7K 102
                                    

"ဦး..လွှတ်တော့...
ထတော့မယ်...ဆိုင်သွားရဦးမှာလေ..."

"ဟင့်အင်း...ပြန်အိပ်ဦးမယ်..."

အိပ်ချင်မူးတူးအသံကြီးနဲ့ လူကိုလည်းခွထားကာ..မလွှတ်ပေးဘဲ အတင်းဖက်ထားတာကြောင့်...သားသားသာမြင်ရင် ရှက်စရာပဲ...။

"လွှတ်ပေးတော့..သားသားကို ကျောင်းသွားဖို့ပြင်ပေးရမှာ..."

"ရပါတယ်...သားသား သူ့ဘာသာပြင်မှာပေါ့...
ပြန်အိပ်မယ်..."

"ဟာ....ဦးကလည်း...
လွှတ်ပေးတော့...အင့်..."

လွှတ်ခိုင်းလေ အတင်းတိုးဖက်ထားလေဆိုသလို..ကျွန်တော်ကရုန်းလေး ဦးကအတင်းတိုးဖက်ထားတာကြောင့်..ရုန်းမရဘဲ ပြန်ငြိမ်နေလိုက်ရသည်..။

"ပါပါး...ပါပါး..." ဆိုပြီး ဘေးကသားက ငုတ်တုတ်ထိုင်ကာ မျက်လုံးပွတ်နေပြီး..ကျွန်တော့်ကို ခေါ်နေတယ်..။

သားရဲ့အသံကြားမှပဲ..ဦးလည်း ရုတ်တရက်လွတ်ပေးလိုက်ပြီး...ကျွန်တော်လည်း အမြန်ထကာ အင်္ကျီကိုပြန်ပြင်လိုက်ပြီး..သားသားကိုထချီလိုက်သည်..။

"နိုးလာပြီလား သားသား..."

"ဟုတ်..."

"ပါပါးနဲ့မျက်နှာသစ်မယ်နော်..."

"ဟုတ်..."

"ကဲ....အဖိုးကြီး သားသားတောင်ထနေပြီ...
အိပ်ယာကထတော့...ဆိုင်လည်းသွားရဦးမှာနော်..."

"ထပါပြီဗျာ...မထမချင်း မိန်းမိန်းကနှိုးနေတော့ ယောက်ျားကမထလို့ဘယ်ရပါ့မလဲ?...ဝါး...."

ကုတင်ပေါ်မှာ..တဝါးဝါးသမ်းပြီး ပြောနေတဲ့ဦးကိုကြည့်ပြီး..ဘာမှပြောမနေတော့ဘဲ သားသားနဲ့အတူမျက်နှာသစ်မို့ ရေချိုးခန်းထဲသာဝင်လာလိုက်သည်..။

သားသားနဲ့အတူမျက်နှာသစ်သွားတိုက်ပြီးလို့ ရေချိုးခန်းထဲကထွက်လာတော့မှ ဦးကဝင်လာလေသည်..။

"ရွှတ်...မွှေးနေတာပဲကွာ.."

"ညစ်ပတ်ကြီး...မျက်နှာလည်း မသစ်ရသေးဘဲနဲ့...ဖယ်...သွားတော့မယ်..."

"သြော်...အခုတော့ ပြောပြီပေါ့လေ...
ညဘက်ကျရင်တော့ ဦး ဦးဆိုပြီးတော့..."

ဦးရဲ့သည်းငယ်လေး (Completed)Donde viven las historias. Descúbrelo ahora