"ဘာ!!!..."
"ဟေ့ကောင်...တိုးတိုးပြောစမ်းပါဟ...
လူတွေဝိုင်းကြည့်နေပြီ...""ငါ့ရဲ့crushတစ်ယောက်လုံး ယောက်ျားယူမယ့်ကိစ္စကို ငါကတိုးတိုးပြောရမှာလား..."
"ငါသဘောမတူပါဘူးကွာ...ပြန်ထိုင်..."
"မင်းသဘောမတူလည်း..မင်းမိဘတွေက သဘောတူရင် မငယ်က ယူရမှာပဲလေ..."
"တကယ်လို့ အဲ့လိုဖြစ်လာမယ်ဆိုရင်လည်း...ငါမရရအောင် ဖျက်ပေးမယ်ကွာ..."
"ပြီးရော.." ဆိုပြီး အခုပြန်ထိုင်ချလိုက်တဲ့ ဝေလင်း
ကန်တင်းမှာထိုင်နေရင်း..အမ၃ယောက်ထဲက၁ယောက်နဲ့ ဟိုလူကြီးနဲ့သဘောတူထားတဲ့အကြောင်းကိုဝေလင်းကိုပြောပြလိုက်တဲ့အခါ..မငယ်ကိုကြိုက်နေတဲ့ဝေလင်းက ခုံကိုထုပြီး ထရပ်ပါလေရော..။ ကျွန်တော်ဖြေသိမ့်ပြောပေးလိုက်မှသာ ခုံမှပြန်ထိုင်ချတယ်..။
"ငါ့ရဲ့အငယ်ဆုံးယောက်ဖနေရာကို..မင်းကို ပေးထားပြီးသားပါ ဝေလင်းရာ..." လို့လည်း ပြောလိုက်ရော..မျက်နှာကြီးပြုံးဖြီးလာပြီး...
"သူရ သူငယ်ချင်းယောက်ဖ..စား သိလား...
လိုတာရှိရင် ငါ့ကိုပြောနော်...
ငါကိုယ်တိုင်သွားမှာပေးမယ်..""အဟမ်း...ရပါတယ်ကွာ...
အခုတော့ ဗိုက်ဝသွားပြီ...
ဝယ်ကျွေးချင်ရင်..အပြန်ကျမှ ကော်ဖီအေးတစ်ခွက်ဝယ်တိုက်..""တော်ပြီလား...ငါဝယ်ကျွေးချင်လို့ပါကွာ.."
"တော်ပြီ..တော်ပြ်ီ...အတန်းရှိသေးတယ်...
ပြန်ကြမယ်..""သူငယ်ချင်းယောက်ဖ...အတန်းမတက်ခင်လေး မငယ်တို့အဆောင်ကိုခဏသွားရအောင်လေကွာ...
ငါမျက်နှာလေးပဲမြင်ချင်ရုံလေးပါ...""ဟင်း.....မင်းမလည်းနော်...
လာ...သွားမယ်...""ကျေးဇူးတင်လိုက်တာ..ယောက်ဖရာ...
"အပိုတွေပြောမနေနဲ့..လာ မြန်မြန်သွားမယ်..
မငယ်အတန်းရှိလို့ စာသွားသင်ရင်တော့..ငါလည်း မတတ်နိုင်ဘူး...""အေးပါကွာ...သွားမယ် သွားမယ်..." ဆိုပြီး တက်တက်ကြွကြွနဲ့အရှေ့ကနေထွက်သွားတဲ့ဝေလင်းကိုကြည့်ပြီး ကျွန်တော်ပြုံးမိတယ်..။ ဒီကောင် မငယ်ကိုတကယ်ချစ်ရှာတာ...
မငယ်အတွက်ဒီကောင်ကသာလျှင်အသင့်တော်ဆုံးပဲ...
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့