"မေမေ...မငယ်ရော...
ကျောင်းသွားပြ်ီလား...
သားတောင်မသွားရသေးတာကို.."မနက်စာထမင်းဝိုင်းမှာ..မကြီးရောမလတ်ရောရှိနေပြီး..မငယ်မရှိသောကြောင့် မေမေ့ကိုမေးလိုက်ခြင်းဖြစ်သည်..။
"မငယ်ကို မောင်နေမင်းလာခေါ်သွားတယ်လေ..ဘာရှိလို့ဆိုလားပဲ..."
"ဗျာ...မေမေတို့က ဘာလို့ထည့်ပေးလိုက်တာလဲ?..."
"ဟဲ့...ဘာဖြစ်လို့လဲ?..သူတို့ဘာသာအဆင်ပြေလို့ အတူတူသွားတာလေ...
မင်းနဲ့ဘာဆိုင်တုန်း...""ဟွန်း....မေမေတို့မသိဘူးနော်.."
"သိသိမသိသိ..သူတို့အဆင်ပြေလို့ ကြိုက်ကြတော့လည်း ပေးစားလိုက်ရုံပေါ့..."
"မေမေ!...အခု မေမေ့ပုံစံက ကိုယ့်သမီးကို သူများလက်ထဲအတင်းထိုးပေးနေသလို ပုံစံမျိုးဖြစ်နေတယ်.."
"ဒေါက်!..
မင်းကိစ္စမဟုတ်ဘူး...မင်းဝင်မပါနဲ့...
ကလေးက ကလေးလိုမနေဘူး...""မေမေ...ငယ်လေးခေါင်းကိုမခေါက်ပါနဲ့...
သမီးတို့ မေမေပြောသမျှ လုပ်သမျှကို..ဘာမှမပြောခဲ့ဘူး...ငယ်လေးကိုတော့ အသားနာအောင်မလုပ်ပါနဲ့.." ဆိုပြီး မကြီးက ဝင်ပြောလာတယ်.."ဟုတ်တယ်..မေမေ...
ငယ်လေးကို ခေါင်းမခေါက်ပါနဲ့...
ကလေးဦးနှောက်တစ်ခုခုဖြစ်ပါဦးမယ်.." ဆိုပြီး မငယ်ကပါ ဝင်ပြောလာတယ်..."ကိုဖုန်းမြင့်...ရှင်ကြားရဲ့လား...
ရှင့်သမီးတွေပြောနေတာကို..
ရှင်ဘာမှဝင်မပြောတော့ဘူးလား..""မိန်းမရယ်...သမီးတွေပြောတာလည်း ဟုတ်နေတာပဲ...
သားငယ်ကိုခေါင်းခေါက်တာတော့ ကိုယ်လည်းမကြိုက်ဘူး..""အေး....ကောင်းတယ်...
အကုန် ကျွန်မအမှားပဲ..""မိန်းမရယ်..ကိုယ်က အဲ့လိုပြောတာမဟုတ်ပါဘူး.."
"တော်ပြီဗျာ...မနက်စာလည်း စားလို့ဝင်မှာမဟုတ်တော့ဘူး...
မုန့်ဖိုးပေး...ကျောင်းရောက်မှ ဝယ်စားတော့မယ်...
ဖေဖေ့ သားကိုမုန့်ဖိုပေး...ဒီမနက် မေမေ့ကိုစိတ်ကောက်တယ်..မေမေ့ဆီက မယူဘူး..
ဖေဖေ ပေး..""အောင်မယ်..."
"ကဲပါ..မိန်းမရယ်...ပြောမနေပါနဲ့တော့..
သားငယ် ဖေဖေ့အင်္ကျီအိတ်ကပ်ထဲမှာ ပိုက်ဆံရှိတယ်...သားယူချင်သလောက်ယူသွား.."
أنت تقرأ
ဦးရဲ့သည်းငယ်လေး (Completed)
عاطفيةသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့