Part-39(Uni)

22K 1.6K 37
                                    

"သားသားရေ...ဧကရာဇ်ဖုန်းမြင့်လေးရေ...
ဖေဖေသွားတော့မယ်နော်...ရွှတ်..."

"ဦး ဘာသံမှမကြားချင်ဘူးနော်...
ဆိုင်ကိုကောင်းကောင်းသွား..."

"အင်းပါ ကလေးရာ...
ဘယ်တုန်းကအသံကြားရလို့လဲ?..."

"ဟုတ်ပါပြီ...သွားတော့..."

"အင်း...စောစောပြန်လာမယ်နော်...ရွှတ်..."

ဦးကပြောလည်းပြော ကျွန်တော်ရဲ့ပါးကိုလည်းလှမ်းနမ်းလိုက်တယ်..။ ဦးက လှမ်းနမ်းလိုက်တာကြောင့်..ချီထားတဲ့ သားသားက ထငိုပါလေရော...။

"အဟင့်..ဟင့်...အူးဝါး..."

"ဟေ....ဖေဖေက သားပါပါးကိုနမ်းလို့ငိုတာလား..."

"အူးဝါး..."

"အေးအေး တိတ်ပါတော့ကွယ်...
ပါပါးကိုမနမ်းတော့ဘူးနော်...." လို့ လည်းပြောလိုက်ရော ငိုနေရာကနေတိတ်သွားတယ်..။

"အံမယ်...အလည်လေး...
သူ့ပါပါးကိုတိုနေတယ်..."

"သွားမယ်ဆိုလည်းသွားတော့လေ..."

"ဟုတ်ပါပြီ...ဦးက သွားချင်တာမဟုတ်ဘူး...
မသွားမဖြစ်လို့သာ...
လူတွေကျတယ်ဆိုတော့လည်း ဆိုင်ရှင်တစ်ယောက်အနေနဲ့မသွားလို့မဖြစ်ဘူးလေ..."

"ဟင်း...."

ဦးက ဆိုင်ကိုသွာဖို့အရေးကို..တံခါးနားမှာတင် ရစ်နေတာကြောင့် မနည်းသွားခိုင်းနေရတယ်..။

"သွားပြီနော်...သားသားရေ တာ့တာ..တာ့တာ..."

"ဖေဖေ့ကိုတာ့တာပြန်ပြလိုက်ဦးလေ..." လို့ ပြောလိုက်တော့ သားသားက 'ပေ ပေ´ဆိုပြီး  ဦးကိုတာ့တာပြန်ပြနေတယ်...။

ဦးကလည်း သားသားကိုပြန်လှည့်ကြည့်ပြီး..ပါးကိုတစ်ချက်ပြန်လာနမ်းကာ ကားပေါ်တက်သွားတယ်..။ ဦးရဲ့ကား ခြံအပြင်ရောက်တော့မှပဲ..သားကို ဆိုဖာပေါ်မှာထိုင်စေကာ မန်မန်းကျွေးဖို့ကိုပြင်လိုက်တယ်..။

သားသားကတစ်နှစ်ကျော်လာပြီမို့..စကားတော့ ကောင်းကောင်းမပြောတတ်သေးသော်ငြား 'ပါး ပေပေ´ ဆိုပြီးတော့ခေါ်တတ်တယ်..။ လမ်းတော့ မလျှောက်တတ်သေးပေမဲ့ မတ်တပ်စမ်းနေပြီဖြစ်တာကြောင့် လမ်းလျှောက်တတ်အောင်ဖြေးဖြေးသင်ပေးနေရတယ်..။ ထမင်းလည်းစားတတ်လာပြီးမို့ နည်းနည်းပါးပါးတော့ ခွန့်ကျွေးဖြစ်တယ်..။ သွားသေးသေးလေးတွေကလည်း ပေါက်လာပြီမို့..ဧကရာဇ်ဖုန်းမြင့်တို့က စိတ်တိုင်းကျစားလို့ရနေပြီလေ..။

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now