Part-43(Uni)

21.1K 1.5K 38
                                    

"သားသား...ပါပါး ချောလား..."

"အွန်း...ချောရယ်..."

"ခန့်ရောခန့်ရဲ့လား..."

"အွန်း...ခန့်ရဲခန့်ရယ်..."

"အဲ့တာကြောင့် ပါပါးသားလေးကိုချစ်နေရတာ..ရွှတ် ရွတ်..."

"နမ်းနဲ့တော့...ပျက်ကုန်ယိမ့်မယ်..."

"ပါပါးသားလေက ချောပြီးသားပဲဟာကို..."

"ကဲ...မပြီးသေးဘူးလား သားဖ၂ယောက်..."

မငယ်ရဲာမင်္ဂလာပွဲက်ုသွားဖို့ရေးကို သားဖ၂ယောက်က ပြင်လို့မဆုံးနိုင်တော့ဘူး..။ မှန်ရှေ့မှာထိုင်နေကြတာ..ကျွန်တော်ရေမချိုးခင်ကတည်းက..ကျွန်တော်ောတင် ရေချိုးပြီးလို့ပြင်ဆင်ပြီးသွားပြီ..သားဖ၂ယောက်ကတော့ မပြီးနိုင်သေးဘူး..။

"ပါပါးကြာနေတာ..သား ကြားနေတာဟုတ်ဝူး.."

"အောင်မယ်...ဧကရာဇ်ဖုန်းမြင့် မင်းပဲ ပါပါးကိုဆံပင်လေးကိုထောင်ပေးပါဦး ရေမွှေးလေဆွတ်ပေးပါဦးနဲ့...ဘာကို ပါပါးကိုကြာနေတာလဲ?..."

"ခစ်ခစ်..."

သားသားက သူ့ဘာသာရယ်ပြီး..ကျွန်တော့်ပခုံးကိုဖက်ထားတယ်..။

"သားသား..သားသား ပါပါးနဲ့ဖေဖေ ဘယ်သူပိုချောနေလဲ?..ဒီနေ့..."

"အင်း..." ဆိုပြီး စဉ်းစားနေဟန်လုပ်ကာ..ကျွန်တော့်ကိုယ်ပေါ်ကနေ ဆင်းသွားတယ်...

"ပါပါး..."

"ဒါပေါ့ ပါပါးကအချောဆုံးဖြစ်နေတာ..."

"ပါပါး ဟုတ်ဝူး...
ဖေဖေလို့ ပြောတာ...ခစ်ခစ်..."

"ဘာ!!...ဧကရာဇ်ဖုန်းမြင့်!..
ပါပါးကိုအဲ့လိုပြောတယ်ပေါ့လေ..ရတယ်..." လို့ ပြောပြီး သူရဖုန်းမြင့်က ဧကရာဇ်ဖုန်းမြင့်ရဲ့ခေါင်းပေါ်က ထောင်ထားတဲ့ဆံပင်လေးတွေကို..လက်နဲ့ဖိချလိုက်ပြီး အမြန်အပြင်ကိုပြေးထွက်လာလိုက်သည်..။

"အီး...အဟင့်..ဟင့်..ပေပေ...
သားကေတွေပျက်ကုန်ပြီ..." ဆိုပြီး ဧကရာဇ်ဖုန်းမြင့်က ထငိုလာတာမို့..နေမင်းဧကရာဇ်မှာ မနည်းချော့လိုက်ရသည်..။

"အေးအေး...တိတ် တိတ်...
ဖေဖေ ပြန်ထောင်ပေးမယ်...တိတ်တိတ်...
ဟိုရောက်မှ မချောဘဲဖြစ်နေဦးမယ်..တိတ်တိတ်..."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now