Part-26(Uni)

27.9K 2K 40
                                    

     ဒီနေ့ကတော့..ကျွန်တော်တို့၂ယောက်အတွက် wedding photoရိုက်တဲ့နေ့ပဲ ဖြစ်ပါတယ်..။ ကျွန်တော်တို့၂ယောက်ကိုရိုက်ပေးတဲ့သူကတော့..အခြားလူမဟုတ်ပါဘူး..ကျွန်တော့်သူငယ်ချင်းဝေလင်းပါပဲ..။ သူက ဓာတ်ပုံရိုက်တာဝါသနာပါတဲ့သူမို့..အရင်ကတည်းက မင်္ဂလာဆောင်ပွဲတွေတော်တော်များများရိုက်ခဲ့ဖူးပါတယ်..။

wedding photoကိုမရိုက်လည်းရပါတယ်ဆိုတာကို..အမတွေက မရဘူးရိုက်ရမယ်ဆိုပြီး ပြောလာတာကြောင့်..အခုလိုရိုက်ဖြစ်ခြင်းဖြစ်သည်..။ ဦးကလည်း..မရိုက်ချင်ရှာဘူးလေ..နှစ်ခါမပြောရဘူး မင်္ဂလာဝတ်စုံဆိုင်ကိုပါတန်းရှားလိုက်တာ...
အားလုံးကရိုက်စေချင်တော့လည်း..ရိုက်ရတော့မှာပေါ့..

အရင်ဆုံးcoupleဝတ်စုံလေးတွေနဲ့ရိုက်ပြီးတော့..အခု suitနဲ့ရိုက်ရမှာဖြစ်သည်..။ ဦးအတွက်က အဝတ်အစားလဲခန်းသက်သက်ဖြစ်ပြီး..ကျွန်တော့်ကိုတော့ အမတွေက သက်သက်ပြင်ပေးမယ်ဆိုပြီး သက်သက်တစ်ခန်းဖြစ်သည်..။

"မငယ် မလိမ်းနဲ့တော့...
မျက်နှာကြီးပူနေပြီ..."

"အဆီနည်းနည်းပြန်နေလို့..ပါးပါးလေးပဲလိမ်းပေးတာပါ ငယ်လေးရယ်...
ငြိမ်ငြိမ်လေးနေ..."

"မပြီးနိုင်တော့ဘူး..ဟွန့်..."

စရိုက်မယ်ဆိုကတည်းက လိမ်းပေးနေတာ..တစ်စုံပြီးတာနဲ့ တစ်ခါလိမ်းပေးသေးတယ်..။ အခုလည်း လိမ်းပေးနေတာ မျက်နှာသွေးမရှိတော့သလို ဖြူစုပ်နေပြီ..။ ပူကပူ မိတ်ကပ်တွေနဲ့ ရှင်ချင်တယ်ဗျာ....

"မလတ်ရေ..ဝတ်စုံသွားယူနေတာ ပြန်မလာသေးဘူးလား.."

"ရောက်ပါပြ်ီ...အငယ်မရယ်...
ဝတ်စုံကနည်းနည်းကြီးနေလို့ မနည်းသယ်လာရတယ်..."

"မလတ်ပြောပုံကြီးကလည်း...
suitတစ်ထည်ကို အဲ့လောက်လည်းမလေးပါဘူးဗျာ...."

"suitမှမဟုတ်တာ ငယ်လေးရယ်...
dressပါ..."

"ဟမ်!!..."

ကျွန်တော်အခုနားကြားမှားနေတာလား...
dress ?..dressက ဘယ်သူ့အတွက်လဲ?...
ကျွန်တော့်ဝတ်ဖို့အတွက်တော့ မဟုတ်လောက်ပါဘူးနော်...

"ဟုတ်တယ်...ငယ်လေးအတွက်..."

"ဗျာ....
အဟက်...မနောက်ပါနဲ့ဗျာ..မလတ်ကလည်း..."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now